17

6.4K 240 8
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 17 )
〰〰〰〰〰

"ဖေဖေ ကျွန်တော်အတန်းထဲမှာ Aအများဆုံးရတယ်"

လစဥ်မှတ်တမ်းစာရွက်ကိုပြပြီး သားက ပျော်ရွှင်စွာပြောတော့ သူ စာရွက်ကိုယူကြည့်ကာ တစ်ချက်ပြုံးလိုက်မိသည်။
ပြည့်သျှင်သည် သွေးသားရင်းမဟုတ်ပေမယ့် တော်လွန်း၊ ဉာဏ်ကောင်းလွန်းတာမို့ ကိုယ့်သားအရင်းလိုပဲသူ့စိတ်ထဲတွေးထင်မိသည်။

"ငါ့သားက တော်လိုက်တာ ဘာလိုချင်လဲပြော ဖေဖေဆုချမယ်"

သားမျက်နှာလေး ဝင်းလက်သွားကာ ခေါင်းလေးဆတ်ခနဲညိတ်ပြပြီး အခန်းအပြင်ကို လူရှိမရှိလှမ်းကြည့်သေးသည်။
ဘယ်သူမှမရှိတာ သေချာသွားတော့မှ သူ့နားနားလေးတိုးကပ်ကာ…

"သားမှာ ညီလေးရှိတယ်ဆို"

ဟု မေးလာသည့်အခါ ရင်ဘတ်ကြီးတစ်ခုလုံးထုံကျင်သွားမိသည်။
သားလေးလား၊ သမီးလေးလားတောင် သူမသိလိုက်ရဘူးမလား…

"အဘွားကတော့ မမေးနဲ့လို့ပြောတယ် ဒါပေမယ့်သားသိချင်တယ် ဖေဖေ"

"ဘာဖြစ်လို့လဲ"

"ဖေဖေ အခုထိရှာနေတုန်းပဲမလား သားအရွယ်ရောက်လာရင် ဖေဖေ့ကိုကူရှာပေးချင်လို့"

နာကျင်နေသော်ငြား ခပ်ယဲ့ယဲ့ပြုံးမိကာ သား၏ပါးလေးကိုဆွဲဖဲ့ရင်း သားရဲ့ပခုံးလေးကိုပါဖက်ထားရင်း…

"ညီလေးလား ညီမလေးလားတောင် ဖေဖေကမသိလိုက်ဘူး မြူကတိတ်တိတ်ကလေးထွက်ပြေးသွားတာလေ"

"ဖေဖေ့အခန်းထဲမှာချိတ်ထားတဲ့ ဓာတ်ပုံထဲကအန်တီလား"

"အင်း"

"ဖေဖေစိတ်ချပါ သားအရွယ်ရောက်လာရင် အန်တီမြူ့ကိုရော ဖေဖေ့ရဲ့ကလေးလေးကိုရော ဖေဖေ့ဆီပြန်ခေါ်လာခဲ့မယ်"

အရွယ်နဲ့မလိုက်အောင် ပြတ်သားတည်ကြည်သော သား၏ကတိစကားကြောင့် ရင်ထဲကြည်နူးသွားမိကာ မြူတို့သားအမိကိုပြန်တွေ့သည်ဖြစ်စေ၊ မတွေ့ဘူးဖြစ်စေ၊
ပြည့်သျှင်ဟာ မင်းခမ်းနား၏သားဖြစ်သည်။
အတွေးနှင့်အတူ နံရံကပ်ပြက္ခဒိန်ကို တစ်ချက်လှမ်းကြည့်မိပြီး မြူပျောက်သွားတာ ၃နှစ်ကျော်ပြီမို့ ကလေးသည် နှစ်နှစ်ခွဲနီးပါးရှိလောက်ပြီဖြစ်သည်။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now