33

5.7K 199 6
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 33 )
〰〰〰〰〰

"ငါ့သမီးဘယ်မှာလဲ ခမ်း"

မြူ မခံမရပ်နိုင်အောင်စိတ်ပူသွားမိသလို ခမ်းသည် သမီးကိုအပိုင်သိမ်းသွားပြီဆိုသော ဒေါသစိတ်ဖြင့် ထိုင်ရာမှ ထရပ်လိုက်မိသည်အထိ။
မြူ့မှာသာ ပြာကျမတတ်ပူလောင်နေပေမယ့် သူကတော့ ခါတိုင်းလို သွေးအေးအေးဖြင့် သဘောတကျရယ်နေ၏။

"ဟား.. အဲ့ဒါက ငါ့သမီိးဆိုလည်းဟုတ်တယ်နော် အကဲမပိုစမ်းနဲ့ မြူရာ ငါ့သမီးကို ငါပြန်ခေါ်ထားတာမှားလို့လား"

"အဲ့ဒါငါတစ်ယောက်တည်းရဲ့သမီး နင်တို့သားအမိနဲ့ဘာမှမဆိုင်ဘူး ခမ်း ငါ့သမီးဘယ်မှာလဲ"

"အဟွန်း!.. ဘာလို့ပြောရမှာလဲ လက်ထပ်ခါနီးဆဲဆဲ နင်ပျောက်သွားတုန်းက ငါဘယ်လိုခံစားခဲ့ရလဲ အခုနင်ပြန်ခံစားလိုက် ok"

"မင်းခမ်းနား"

မခံချင်စိတ်တွေဖြင့် မြူသည် ဆတ်ဆတ်ခါသွားပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားသည်။
ထိုအချိန်တုန်းကလည်း သူခံစားရမှာ သိနေပေမယ့် သူ့ဆီမှာကပ်တွယ်နေဖို့ကိုလည်း မာနနှင့်နာကြည်းမှုက လက်မခံခဲ့။
မင်းခမ်းနားကိုရက်စက်ဖို့ အရင်ဆုံးနာကျင်ခဲ့ရသူဟာ မြူကိုယ်တိုင်သာ…

"ကျွတ်!! ရိုင်းလိုက်တာကွာ ကိုယ့်​ယောကျာ်းကို အဲ့လိုခေါ်ရသလား"

"နင်.. နင်.."

"ထွက်ပြေးတယ်ဆိုလည်း လုံအောင်ပုန်းပေါ့ နင်ညံ့လို့နင်ခံရတာ သမီးကနင်နဲ့၁၇နှစ်တောင်နေခဲ့ပြီးပြီ အခုငါ့အပိုင်ပဲ ငါ့နာမည်တစ်လုံးမှမပါတဲ့ မြူဖွေးဖွေးဖြူဆိုတဲ့နာမည်ကအစ ပြောင်းပေးလိုက်မယ် စိတ်ချ"

"ဟဲ့.. နင်လုပ်ချင်တိုင်းလုပ်လို့ရမလား"

"ရတယ် မင်းခမ်းနားရဲ့ဘဝက မရဘူးဆိုတာမရှိဘူး နင်မသိတာလည်းမဟုတ်ဘဲနဲ ငါ့မိန်းမရယ်"

"တောက်!!"

ရယ်သံသဲ့သဲ့ဖြင့် ခမ်း ဖုန်းချသွားသောအခါ တီခနဲဖုန်းကျသွားသံသည် မြူ့ရင်ဘတ်ကို ချွန်တက်စူးရှသည့်လက်နဂာ်ကြီးတစ်ခုဖြင့် ဆောင့်ထိုးခံလိုက်ရသလိုအောင့်တက်သွားခဲ့သည်။
သွေးရူးသွေးတန်းဖြင့် လက်ထဲကိုင်ထားသည့်ဖုန်းကို လွှင့်ပစ်မိသလို အံကြိတ်ထားရလွန်း၍ သွားတွေတောင်နာကျင်လာခဲ့သည်။
အကယ်၍ သမီးသာပြန်မလာတော့ရင်...

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now