23

5.5K 211 7
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 23 )
〰〰〰〰〰

အပြင်မှာရပ်နေသည့်ရဲနောင်ကို တစ်ချက်ပြုံးပြလိုက်ကာ အမှတ်တမဲ့ဟန်ဖြင့် ဆွဲဖြတ်လာခဲ့သော ဆံပင်ရှည်လေးတွေကို လှမ်းပေးလိုက်သည်။
ရဲနောင်က ထိုဆံပင်တွေကို ရေလုံအိတ်ကလေးနဲ့ထည့်လိုက်ပြီး အိတ်ပေါ်မှာ ဖွေးဖွေးဖြူဟု နာမည်ရေးလိုက်သည်။

"Singaporeကို ပို့လိုက် မြန်မြန်သိချင်တယ်လို့လည်းဖုန်းဆက်ထားလိုက်"

"ဟုတ်ကဲ့ အစ်ကိုလေး"

"ဟိုတစ်ယောက် ဒီကိုလာ"

သွားလာနေကြသည့်ဝန်ထမ်းတွေထဲမှ ကောင်မလေးတစ်ယောက်ကိုခေါ်လိုက်ကာ ဖွေးအတွက် အာလူးပူတင်းနှင့် သံပုရာရည်ပို့ခိုင်းလိုက်တော့ ရဲနောင်က ပြုံး၏။
အာလူးပူတင်းကြိုက်တတ်တာပါ တူလာပြီမို့ သူ့ရင်ထဲက သံသယဟာ တဖြည်းဖြည်းသေချာလာသလို ခံစားရသည်။

"သံပုရာရည်ပါကြိုက်နေရင် ဘယ်လိုလုပ်မလဲ အစ်ကိုလေး"

"မေးစရာလိုသေးလို့လား"

"လိုတာပေါ့အစ်ကိုလေးရ.. DNAစစ်ဆေးချက်ရမှ 100%သေချာတယ်ခေါ်ရမှာပဲ မမြူက ကလေးကိုမလွှတ်မှာသေချာနေတော့ သိပ်မယုံရဲဘူး"

"ငါလည်းမယုံရဲသေးဘူး စိတ်ထဲမှာသေချာနေပေမယ့် DNAကိုမြင်ရမှ သေချာပေါက်ယုံနိုင်မှာ"

"အဲ့လိုပဲပေါ့ ဒါနဲ့စစ်ကိုင်းကို ဟိုတစ်ရက်ကမှ ကျွန်တော်ပြန်လာခဲ့တာ အစ်ကိုလေး ဘာလို့သွားမှာလဲ"

"ဖွေးကို စစ်ကိုင်းတံတားခေါ်သွားမလို့ ငါသိချင်တာလေးလည်းရှိတယ် မြူ့ရဲ့သမီးလားလို့လည်း ထပ်စမ်းသပ်ချင်တယ်"

ရဲနောင်က ကြည်ကြည်နူးနူးခေါင်းညိတ်ကာ အိတ်ကလေးတွေကိုတင်ပို့ဖို့ ထွက်သွားသည့်အခါ ရဲနောင်ကိုရပ်ကြည့်ရင်း သူပြုံးလိုက်မိသည်။
မြူနှင့်ဆင်တူသည်အပြင် သူ့အကျင့်စရိုက်တွေနဲ့ရော ကိုက်ညီနေသည့်မိန်းကလေး။
ရုံးခန်းထဲပြန်ရောက်တော့ ဖွေးက အာလူးပူတင်းတွေကို အားလုံးကုန်သလောက်စားထားပေမယ့် သံပုရာရည်ကတော့ တစ်ဝက်လောက်သာ သောက်ထား၏။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now