26

6K 231 4
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 26 )
〰〰〰〰〰

"လုပ်ငန်းကရော အဆင်ပြေရဲ့လား သမီးလေး"

မေမေ့အသံကြားမှ ဖွေးအားရှိသွားသလို laptopရှေ့မှာ မှောက်အိပ်နေရင်း မေးလေးထောက်လိုက်သည်။
မေမေသည် ဖွေးရဲ့ကလိန်ကကျစ်ကျမှုကို အခုထိမရိပ်မိသေးဘဲ ဖွေးလိမ်သမျှစကားတွေကိုသာ ယုံမှတ်နေဆဲဖြစ်သည်။
ဖွေးကိုယ်တိုင်လည်း မေမေ့ကို တစ်ခါမှမလိမ်ဖူးသောကြောင့် ယုံကြည်နေခြင်းဖြစ်လောက်ကာ ဖေဖေနဲ့ပတ်သက်လာမှ ဖွေး လိမ်တတ်နေပြီ…

"ဖွေး တခြားအလုပ်တစ်ခုလုပ်နေရတယ် မေမေ သူဌေးက လွှတ်တာလေ စကားပြန်တော့စကားပြန်အလုပ်ပါပဲ ဒါပေမယ့် ဒီသူဌေးဆီမှာ ဖွေးအလုပ်ပါးနေတော့ကျ accountပိုင်းမှာ ဝင်လုပ်နေတာ"

"လုပ်ငန်းအတွေ့အကြုံယူတာ ကောင်းပါတယ် ဒါပေမယ့် သူများမျက်စိနောက်စရာဖြစ်မယ်နော်"

"မဖြစ်ပါဘူး မေမေရဲ့ ခုလက်ရှိသူဌေးက အရမ်းသဘောကောင်းတာ ဖွေးကိုတောင်ညစာဖိတ်ကျွေးလို့ လိုက်စားခဲ့သေးတယ်"

"အံမယ် မေ့သမီးလေးက အခုချိန်ထိ ကလေးလိုနေရတုန်းပဲပေါ့"

ဖွေး လည်ပင်းလေးပွတ်ကာရယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
အဖေရှိတာ ဘယ်လိုမျိုးလဲတော့မသိပေမယ့် ဦးကတော့ ဖွေးကို အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်သည်မို့ ပျော်နေမိသည်။
သျှင်ကလည်း ဒါကိုကျေနပ်နေဟန်ဖြင့် ပြုံးနေကာ ဖွေးကိုကြည့်တာကလည်း ခါတိုင်းနဲ့သိပ်မတူဘဲ တမျိုးပင်။

"သမီး မေမေ့ကိုမလိမ်နဲ့နော် သဘောကျတဲ့လူရှိနေပြီမလား"

ဖွေးစိတ်ကိုနားအလည်နိုင်ဆုံးဟာ ဖွေးကိုယ်တိုင်ပြီးရင် မေမေပဲမို့ လိမ်ဖို့စိတ်မကူးဘဲ ခေါင်းလေးကိုသာညိတ်ပြလိုက်သည်။
သို့သော် သူဟာ မန္တလေးသားမို့ မေမေသဘောတူပါ့မလားဟု အတွေးဝင်တော့ ဘာဆက်ပြောလို့ပြောရမှန်းမသိ။

"ဘယ်သူလဲ မေမေ့ကိုပြောပြလို့ရပြီလား"

"သူက မြန်မာလူမျိုးတစ်ယောက်ပါ မေမေ"

မေမေ့မျက်နှာတစ်မျိုးဖြစ်သွားသည်ကို laptopဖန်သားပြင်ကတစ်ဆင့် မြင်လိုက်ရရုံဖြင့် ဖွေးရင်ပူသွားမိသည်။
တကယ်လို့များ မေမေသဘောမတူရင်ရော...

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now