12

7.5K 230 8
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 12 )
〰〰〰〰〰

"အပြင်ထွက်ပြီးဘာလုပ်နေတာလဲ မအေးဘူးလား"

ပြောရင်းနောက်ကနေသိမ်းဖက်လိုက်သဖြင့် မြူ့ကျောပြင်လေးနွေးသွားကာ ခမ်းရဲ့နှာတံချွန်ချွန်လေး မြူ့ပါးနားရောက်လာတော့ မြူမျက်နှာလေးလွှဲပစ်လိုက်သည်။ 

"ဘာဖြစ်လို့လဲ ကြည့်ရတာကိုက စိတ်ညစ်နေသလိုမျိုးပဲ ပြော.. ဘာဖြစ်နေတာလဲ"

ခမ်းအသံကစိုးရိမ်တကြီးမို့ စိတ်ညစ်နေသည့်ကြားမှ ပြုံးဖြစ်သေးကာသူ့ရင်ခွင်ထဲတိုးပြီး ခါးကိုဖက်ထားလိုက်သည်။
အန်တီခေတ်နဲ့တွေ့ပြီး စိတ်ထဲမှာလေးနေသည့်အကြောင်း သူ့ကိုပြောလိုက်ရမလားဟု တွေးမိပေမယ့် လက်တွေ့မှာတော့မပြောဖြစ်။

"ပြောလေ ဘာဖြစ်နေတာလဲလို့"

"ဖုန်းပြောတာ ဘာလို့ကြာနေတာလဲဒီမှာတစ်ယောက်တည်း လွမ်းနေတာ"

"ခုပြန်ရောက်လာပြီပဲကိုကွာ ကလေးကျနေတာပဲ ဒီကကောင်မနေနိုင်မှန်းသိတော့ ကပ်ချွဲနေတယ် အရင်က ဒီလိုမဟုတ်ဘူးနော် အမြဲတမ်းဟင့်အင်းပဲ"

"အခုဟင့်အင်းစရာမှမရှိတော့ဘဲ ငါနင့်ကိုချစ်နေမှန်း အမေသိတုန်းကဆို ငါ့ကိုလှိမ့်ရိုက်တာ"

"တကယ်"

မြူ ခေါင်းညိတ်တော့ သူကစိတ်မကောင်းဖြစ်သွားသလို ရယ်လည်းရယ်ပြီးမျက်နှာလွှဲ၏။

"ဘာရယ်တာလဲ နင်က"

"နင်ငါ့ကို အဲ့ကတည်းကချစ်ခဲ့မှန်းမသိဘူး ငါက အ,တယ်လို့ပြောရမလား အင်း.. အခုတော့လည်း အဲ့ဒီလူလည်မကြီးလက်ထဲကို ငါ့ဘဝလေးအပ်ရဦးမှာပါလား"

မြူ သူ့ကိုမျက်စောင်းထိုးတော့ ခမ်းကရယ်ကာ ဆံပင်တွေကိုတစ်ချက်ဆွဲဖွသည်။

"တကယ်လို့များလေ ငါနင့်ကိုပစ်ထားခဲ့မိရင် ငါ့ကိုဘာလုပ်မှာလဲ"

သွေးတိုးစမ်းသလိုမေးသည့်စကားအဆုံးမှာ ခမ်းက မြူ့မျက်နှာလေးကိုငုံ့ကြည့်ကာ ပါးလေးကိုဖွဖွလေးထိတို့သည်။

"သတ္တိရှိရင်လုပ်ကြည့်လိုက်လေ ငါ့ကိုမမေးနဲ့"

"ဒီတိုင်းမေးကြည့်တာကို"

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now