7

7.2K 285 4
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 7)
〰〰〰〰〰

မေမေနဲ့သူ့အကြားက စကားလွန်ဆွဲပွဲလေးတွေသည် တဖြည်းဖြည်းအရှိန်ရလာသည်မို့ အချိန်ကြာလျှင် မေမေနဲ့သူ ထိပ်တိုက်တွေ့ဖို့သာရှိတော့၏။
မြူသည် သူ့အတွက်ဟု မေမေပြောခဲ့ပေမယ့် သူတကယ် မြတ်နိုးချင်လာတော့မှ ဘာကြောင့်မပေးတော့သည်မသိ။

လိုချင်တာအမြဲရခဲ့သည့်အတ္တစိတ်နှင့် အရွဲ့တိုက်မှုတွေက ရင်ထဲကို အလုံးအရင်းတိုးဝင်လာပြီး မြူဟာ သူ့အတွက်ဖြစ်ရမည်ဟု ဆုံးဖြတ်ထားလိုက်သည်။
မေမေအပါအဝင် တစ်လောကလုံးတားနေပါစေ။
မြူ့ကိုရအောင်ယူဖို့ အစီအစဥ်တွေဆွဲထားမိသည်အထိ…

"မေမေဘုရားတက်ချင်လို့ သားဘာသာပဲသွားလိုက်ပါလား"

မြူကတော့ မေမေ့အပေါ်သစ္စာရှိချင်သူမို့ မေမေ့အနောက်ဘက်ကထွက်မလာဘဲ သူ့အပေါ်ကိုသာမျက်နှာလွှဲ၏။
မင်းခမ်းနားကို အဲ့လိုလုပ်လို့ရမလား…
ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း သူခေါင်းခါပစ်လိုက်သည်။

"ကျွန်တော်လည်းလိုက်မယ်"

လူကြီးပီပီ မေမေကမျက်နှာပျက်မသွားဘဲ ပြုံးလျက်ခေါင်းညိတ်ပြပြီး မြူ့ကိုငဲ့ကြည့်သည်။
သူမကတော့ ကြိတ်ဒေါသဖြစ်နေသည့်သူ့အကြောင်းကို သိနေသလို မဝံ့မရဲဖြင့် မျက်နှာလေးမော့မလာခဲ့။

"မြူ ကားသွားထုတ်ထားလိုက်ပါ့မယ်"

"အင်္ကျီအရင်သွားလဲစမ်းပါ မြူရာ မြန်မာဝတ်စုံဝတ်ခဲ့နော် ဘုရားသွားကျောင်းတက်ဆိုတာ ရိုးရာဝတ်စုံနဲ့မှလိုက်တာ"

"ဟုတ်"

မြူနှင့်ပတ်သတ်ပြီး သူ့မှာလည်းစီမံခွင့်ရှိကြောင်း မဏ္ဍပ်တိုင်တက်ပြလိုက်ရ၍ ကျေနပ်သွားကာ မေမေ့ကိုခဏထားခဲ့ပြီး အခန်းကိုပြန်တက်လာခဲ့သည်။
ယောပုဆိုးအနက်ရောင်နှင့် ရှပ်လက်ရှည်အဖြူကိုပဲ သူဝတ်ခဲ့ကာ အောက်ကိုပြန်ရောက်တော့ မြူလည်းပြန်ရောက်နေပြီဖြစ်သည်။

သူမက လိမ္မော်ရောင်ကချင်ဝတ်စုံလေးဖြင့် ဝင်းစက်နေအောင်လှနေသည်မှာ တစ်နေကုန်ထိုင်ကြည့်ချင်စရာကောင်းသည်။
သို့သော် သူ သေသေချာချာမကြည့်ဘဲ ဘာသိဘာသာဖြင့် မျက်နှာလွှဲကာ ကားပေါ်ထိုင်တော့ မြူက Driverနေရာမှာ ဝင်ထိုင်၏။

သူ မသိသောအခြားတစ်ဖက်၌Où les histoires vivent. Découvrez maintenant