20

5.4K 185 2
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 20 )
〰〰〰〰〰

"ဒီမယ် ဒီမယ်"

ရဲနောင်က ကုမ္ပဏီထဲကထွက်မလာသေး၍ သူ ကားထဲထိုင်နေရင်းဖုန်းသုံးနေချိန် မှန်တံခါးကို တဒေါက်ဒေါက် ခေါက်နေ၍ မှန်ချပေးလိုက်သည်။
ထိုအခါမှတွေ့လိုက်ရသည့်မိန်းကလေးသည် အရွယ်အားဖြင့် တော်တော်လေးငယ်သေးပေမယ့် ရင်းနှီးခဲ့ဖူးသော တစ်စုံတစ်ယောက်နှင့်ဆင်နေ၏။
မျက်ဝန်းညိုညိုလေးတွေ၊ စူထော်နေသောနှုတ်ခမ်းဖောင်းဖောင်းလေးတွေ၊ သူ့ကို အံ့ဩမှင်သက်စွာစိုက်ကြည့်နေသော အကြည့်စူးစူးတွေဖြင့် မြူနဲ့ဆင်ပေမယ့် မြူမဟုတ်တဲ့မျက်နှာလေး…

"ဘာဖြစ်လို့လဲ သမီး"

သူ့နှုတ်က အလိုလိုထွက်သွားသည့်နာမ်စားလေး..
ထိုမိန်းကလေးကလည်း မျက်လုံးပြူးလေးဖြင့် သူ့ကိုမှင်သက်ကြည့်နေရာမှ အသိဝင်လာသလို အားနာပြုံးလေးတစ်ချက်ပြုံးပြသည်။
ပြီးမှ သူမရဲ့ဆိုင်ကယ်ဖြစ်ပုံရသော ဆိုင်ကယ်လေးကိုလှည့်ကြည့်ရင်း ...

"ဖွေး ဆိုင်ကယ်ထုတ်မရလို့ ကားနည်းနည်းရွှေ့ပေးပါ ဦး"

"ခဏပဲနော် ဦးရဲ့တပည့်ရောက်မလာသေးလို့"

"အဲ့ဒါဆို ဦးကပဲရွှေ့ပေးလေ ဖွေးက သူ့အလာကိုထိုင်စောင့်နေရမှာလား ဖွေး ဆိုင်ကိုပြန်ရဦးမှာ"

လူကောင်လေးကလည်းသေးသလို အသံလေးက စူးစူးသေးသေးလေး။
ဂျစ်ကန်ကန်ပြန်ပြောလာသည့် အမူအယာတွေကအစ ရင်းနှီးသက်ဝင်နေသလို ပြောရလုပ်ရမည့်ကိစ္စကို အားမနာစတမ်းပြောဖို့လုပ်ဖို့ နှောင့်နှေးနေမည့်ပုံလည်းမပေါ်။
ဒီမိန်းကလေးကို စိတ်ဝင်တစားအကဲခတ်နေစဥ်မှာ ကုမ္ပဏီထဲမှ သျှင်ကအရင်ထွက်လာသည်။

"ဖေဖေ ဖိုင်ရပြီ ခဏနေဦးရဲလာရင် တစ်ခါတည်း.. ဟာ!! မင်း"

"Aww ရှင်ပဲ"

သားက ကောင်မလေးကိုမြင်သွားပြီးစကားရပ်သွားသလို ထိုကောင်မလေးမျက်နှာကလည်း သားကိုမြင်သည်နှင့် စောစောကထက်ပိုပြီးတင်းမာမှုန်ကုပ်သွား၏။
သူတို့ချင်းသိနေကြသလား။

"မင်း ငါ့အဖေကိုဘာပြဿနာရှာပြန်ပြီလဲ"

"အံမယ်.. ရှင်လာပြီးကြီးကျယ်မနေပါနဲ့ ရှင့်အဖေရဲ့ကြီးကျယ်ခမ်းနားတဲ့ကားကြီးက ဖွေးရဲ့ဆိုင်ကယ်လေးကိုပိတ်ရပ်ထားတာသိရဲ့လား အခုဖယ်ပေး.. သူများဆိုင်ကိုပြန်ရမှာပါဆို ဆိုင်ကယ်ထုတ်ဖို့ နေပူကြီးထဲရပ်စောင့်နေရတယ် သူတို့ကျ အရိပ်ထဲမှာသာသာယာယာနဲ့"

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now