8

7.1K 281 5
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 8 )
〰〰〰〰〰

"ဟဲ့ ဟိုကောင်မလေး"

အသံကြားလိုက်ပေမယ့် မြူ့ကိုခေါ်တယ်လို့မထင်မိတာကြောင့်လှည့်မကြည့်မိ။
ဘုတ်ခနဲအသံနှင့်အတူ ကျောမှအောင့်ခနဲဖြစ်သွား၍ ဘာများလဲဟု ငုံ့ကြည့်မိတော့wet tissues တစ်ထုတ်ကကြမ်းပြင်ပေါ်မှာ။
ထိုအခါမှနောက်ပြန်လှည့်ကြည့်မိတော့ မြူ့ကိုလက်ပိုက်ပြီးရပ်ကြည့်နေသော မိုးသက်နှင်းကိုတွေ့လိုက်ရ၍ ကမန်းကတန်းထရပ်လိုက်သည်။

"ငါခေါ်နေတာကို မကြားချင်ယောင်ဆောင်နေတာလား နင်က"

"မဟုတ်ပါဘူး မြူတကယ်မကြားလိုက်လို့ပါ မမိုးသက်နှင်း ဘာခိုင်းချင်လို့လဲ"

"ငါ့ကားထဲမှာ လိမ္မော်သီးထုတ်ကျန်ခဲ့တယ် သွားယူစမ်းပါ"

မြူ ချက်ချင်းထထွက်လာခဲ့ကာ မိုးသက်နှင်းရဲ့ကားနားရောက်တော့ ဘယ်မှာမှန်းမသိသော လိမ္မော်သီးထုတ်ကိုရှာယူလိုက်သည်။
တကယ်ဆိုကားက သူမနဲ့ပိုနီးကာ မြူ့ကိုတမင်ခိုင်းမှန်းသိပေမယ့် ဘာမှမပြောဖြစ်။
သူမဟာ ခမ်းရဲ့ဇနီးလောင်းတစ်ဖြစ်လဲ ဒီအိမ်ရဲ့အရှင်သခင်မလောင်းမှလား…

လိမ္မော်သီးထုတ်ယူပြီး ဒီဘက်ပြန်လာမှ မြူထားခဲ့သည့်Laptopနားမှာ ရပ်နေသည့်ခမ်းနှင့်ပက်ပင်းတိုးလေသည်။
ခမ်းက မြူ့လက်ထဲကလိမ္မော်သီးထုတ်ကို စူးစိုက်ကြည့်နေရင်း မျက်နှာတင်းမာသွားပြီး မိုးသက်နှင်းဘက်လှည့်သွားသည်။

"မင်းဘာသာသွားမယူနိုင်ဘူးလား"

"ဟယ်! ခိုင်းစရာရှိလို့ခိုင်းတာလေ ဘာဖြစ်လို့လဲ ကိုကိုကလည်း"

"ကားပေါ်ကဆင်းကတည်းက ယူခဲ့ပေါ့ မင်းမေ့နေခဲ့တယ်ဆိုရင်တောင် မင်းဘာသာပြန်ယူပါ့လား မင်းအခုရပ်နေတဲ့နေရာက ဒီနေရာမှာထိုင်နေတဲ့သူထက် ပိုနီးတာပဲ"

သူမမျက်နှာလေးရဲခနဲဖြစ်သွားကာ နှာခေါင်းလေးရှုံ့ပြီးဟွန့်ခနဲလုပ်ကာ ခမ်းအနားရောက်သွားသည်။

"သက်က ကိုကိုနဲ့တွေ့ချင်လို့မေ့သွားတာပါဆို"

ရပ်ကြည့်နေမိတာမဟုတ်ပေမယ့် သူတို့နဲ့မျက်နှာချင်းဆိုင်မှာ မြူရပ်နေ၍ သူမက တမင်လက်ချင်းချိတ်ပစ်သည်။
ထို့နောက် ခမ်းပခုံးကိုမှီလိုက်သည့်အခါ မြူ့စိတ်ထဲတမျိုးဖြစ်သွားပြီး မျက်နှာလွှဲထားလိုက်တော့ ထိုမိန်းမက သဘောကျသွားသလိုပြုံး၏။
ခမ်းကတော့ စိတ်ရှုပ်သွားဟန်ဖြစ်သွားပေမယ့် မိုးသက်နှင်းရဲ့လက်ကိုတော့ ဖယ်ချမပစ်ဘဲ မြူ့ဘက်ကိုလှမ်းကြည့်ကာ…

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now