30

7.1K 227 6
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 30 )
〰〰〰〰〰

"စားလို့ကောင်းလား"

ဖွေးနဲ့ အေးအေးဆေးဆေးထိုင်ချင်သည်နှင့် ရေတံခွန်တောင်ဘက်က စားသောက်ဆိုင်လေးကိုခေါ်လာခဲ့ကာ သဘာဝရှုခင်းတွေကို သူမသဘောကျနေ၍ ကျေနပ်သွားမိသည်။
ရုံးပိတ်ရက်မို့ ဖွေးက တီရှပ်အဖြူကို ဂျင်းဘောင်းဘီတိုအနက်လေးနှင့်တွဲဝတ်ထားကာ ဆံပင်တွေကို ကျစ်ဆံမြီးလေးကျစ်ထား၍ ပိုပြီးချစ်စရာကောင်းနေသည်။

"အရမ်းချစ်ဖို့ကောင်းတယ်"

ပါးလေးကိုဖွဖွလေးနမ်းတိုင်း ဖွေးမျက်လုံးလေးတွေမှိတ်သွားသည်အထိရယ်ကာ သူ့ရင်ခွင်ထဲတိုးဝင်လာတတ်သည်။
ချွဲတတ်လွန်းသောသူမလေးကြောင့် ထိုအခါတွေတိုင်း ပြန်ပွေ့ဖက်ထားမိရင်း မျက်နှာလေးတစ်ခုလုံး တဖွဖွနမ်းပစ်မိသည်အထိ။

"ဘာလို့ခဏခဏနမ်းတာလဲ ဘယ်လိုနေလို့လဲဟင်"

"မွှေးတယ် ပြီးတော့အိအိလေး ဂျယ်လီတုံးလေးလိုပဲ"

ခါတိုင်းရုံးပိတ်ရက်မှာတောင် အိမ်မှာအလုပ်လုပ်တတ်သည့်သူက အခုတော့ ဒီကောင်မလေးအနားမှာပဲရှိချင်နေ၍ ဖေဖေကတောင်သတိထားမိ၏။
မနက်က အပြင်ထွက်ဖို့အတွက်ပြင်ဆင်ပြီး အောက်ကိုဆင်းလာတော့ ဖေဖေနဲ့တည့်တည့်ကြီးတိုးကာ…

"ကလေးထိန်းသွားမလို့လား"

"မဟုတ်ပါဘူး"

မပွင့်တပွင့်ပြောရင်း ပြုံးမိတော့ ဖေဖေကပါပြုံးပြီးခေါင်းခါရင်း သူ့အဖြစ်ကို မသိချင်ယောင်ဆောင်နေ၏။
ဒီအကြောင်းကို အဘွားပြန်သိတော့လည်း သူတို့အမြန်လက်ထပ်ဖြစ်ဖို့ကိုသာ စကားစ၏။
ဒါမှသာ သူ့မြေးမလေးကိုအပိုင်ရမည်တဲ့။

"ဒီနေရာက အေးတယ်နော် တိတ်ဆိတ်နေတာပဲ ကိုကို ခဏခဏရောက်ဖူးတယ်လား"

"အရင်တုန်းကပဲရောက်ဖြစ်တာ အလုပ်ထဲရောက်သွားတော့ မလာဖြစ်တော့ဘူး"

"အရင်က ဘယ်သူနဲ့လာတာလဲ"

ဖွေးမျက်စောင်းလေးဖြင့် မေးလာတော့ သူရယ်ရုံသာရယ်ပြီးပြန်မဖြေဖြစ်ဘဲ ဖွေးဆံပင်လေးတွေဆွဲဖွလိုက်သည်။
သူမက သိနေသလို လက်ကိုပုတ်ထုတ်ပစ်ကာ သူ့ရင်ဘတ်ကိုပါ တံတောင်နှင့်တွက်ပြီး ဖက်ထားတာကိုလည်းရုန်းထွက်သည်။

သူ မသိသောအခြားတစ်ဖက်၌Tahanan ng mga kuwento. Tumuklas ngayon