15

7.1K 279 8
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 15 )
〰〰〰〰〰

"ဒီဝတ်စုံကိုသဘောကျလား မြူ"

ခမ်းက အလုပ်အားပြီမို့ မင်္ဂလာဝတ်စုံအရောင်းခန်းမကိုခေါ်လာပြီး မြူ့စိတ်တိုင်းကျရွေးခိုင်းနေသည်မှာမပြီးနိုင်အောင်ဖြစ်၏။
ဖိတ်စာတွေလည်းအပ်ထားပြီးပြီမို့ ခမ်းပုံစံက တက်ကြွပျော်ရွှင်နေသလို မြူကတော့ အပြည့်အဝမပျော်နိုင်။
ကိုယ့်အစီအစဥ်ဟာ ခမ်းကိုပါ နာကျင်စေမှာမလား။

"နင် ဘာဖြစ်နေတာလဲ ငါမေးနေတာကိုမဖြေဘဲ"

"ကြည့်နေတာလေ ခမ်းကလည်း တခြားအရောင်ရှိသေးလား အဖြူရောင်ကိုသဘောမကျဘူး ဆင်စွယ်ရောင်ဖြစ်ဖြစ်"

အရောင်းခန်းမတာဝန်ခံက မြူ့စကားကို ခေါင်းညိတ်ပြီး ဆင်စွယ်ရောင်ဂါဝန်တွေထုတ်ခဲ့ဖို့ပြောသည်။
မြူ နာရီကိုတစ်ချက်ငုံ့ကြည့်ရင်း စိတ်ထဲမောနေမိကာ ဝတ်စုံကိုအမြန်ရွေးမှဖြစ်တော့မှာမို့ ယူလာသည့်ဝတ်စုံတွေထဲက တစ်စုံကိုရွေးထုတ်လိုက်သည်။

"ဒါပဲ"

"စိတ်တိုင်းကျတယ်နော်"

ခမ်းရဲ့စကားကြောင့် တစ်ဆိုင်လုံးရဲ့အားကျသောအကြည့်တွေက မြူ့ဆီမှာ။

"ဝတ်ကြည့်လိုက်"

မြူခေါင်းလေးညိတ်ပြီး အဝတ်လဲဖို့ပြင်တော့ ဆိုင်ကဝန်ထမ်းကောင်မလေးတွေက ကူညီပေးကြသည်။

"အမျိုးသားက ချစ်တတ်လိုက်တာနော် ညီမ အရမ်းကံကောင်းတာပဲ"

မြူ ကံကောင်းတယ်တဲ့လား။
အေးစက်စက်လေး ပြုံးရုံသာပြုံးမိပြီး မြူဘာမှပြန်မပြောမိ။
ခမ်းရဲ့ချစ်တတ်မှုတွေကိုရတာ မြူ့အတွက် ကံကောင်းခြင်းတွေဖြစ်ပေမယ့် ထိုကံကောင်းခြင်းရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲ ဘယ်သူမှမသိ။

"ပြီးပါပြီရှင့်"

အခန်းလေးထဲက ဂါဝန်လေးမပြီး မြူထွက်လာတော့ ခမ်းရဲ့အကြည့်တွေက မြူ့ဆီမှာငြိမ်သက်သွားသည်။
မန်နေဂျာနှင့်ဝန်ထမ်းတွေအားလုံး အလိုက်တသိရှောင်ပေးသွား၍ မြူရှက်ပြုံးလေးပြုံးကာ မျက်စောင်းလေးထိုးတော့မှ ခမ်းကအသိဝင်လာသလိုရယ်ရင်း အနားရောက်လာသည်။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now