31

4.3K 159 6
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 31 )
〰〰〰〰〰

The Wonder Group
မင်းခမ်းနား
ကျွန်တော်၏ဇနီးဆိုတော့...

ဖုန်းကိုကြည့်ရင်း ဖွေးငြိမ်သက်သွားပြီး ကိုကို့ကိုပြန်လွှတ်လိုက်ကာ တစ်ချက်မော့ကြည့်မိတော့ ကိုကိုကဖွေးကိုအကဲခတ်နေ၏။
မေမေဟာ ဖွေးကို ဖေဖေ့အကြောင်းသာ မပြောခဲ့တာမဟုတ်၊ အစ်ကိုတစ်ယောက်ရှိတာကိုပါမပြောခဲ့တာပဲ…

"ဖွေး"

သူမ ခေါင်းခါပစ်လိုက်တော့ ဆံပင်တွေဖွာထွက်ကုန်သလို ဖွေးကိုလှမ်းဆွဲသော ကိုကို့လက်တွေကိုလည်း ပုတ်ထုတ်ပစ်မိသည်။
မင်းခမ်းနားရဲ့သားဆိုတော့ ကိုကိုက ဖွေးရဲ့…

〰〰📑📑📑〰〰

အိမ်မက်ကလန့်နိုးလာသူလို ကယောင်ခြောက်ခြားဖြင့် အိမ်ကိုပြန်ရောက်လာသည်နှင့် ဖွေး သတင်းစာဖြတ်ပိုင်းလေးကိုကြည့်ရင်း မျက်ရည်ကျရပြန်သည်။
ဖေဖေဟာ မေမေ့ကိုဒီလိုတွေလိုက်ရှာခဲ့ပါလျက် မေမေဟာ ဘာကြောင့်ထွက်ပြေးတိမ်းရှောင်နေခဲ့သလဲ...

မေမေ ဘယ်အချိန်ကတည်းက ရှောင်တိမ်းနေလဲမသိပေမယ့် ဖွေးဘဝတစ်လျှောက်လုံး ဖေဖေ့ကိုမမြင်ဖူးခဲ့။
မင်းခမ်းနားဆိုသည့်နာမည်ကိုတောင် အခုမှအဖေမှန်းသိခွင့်ရလိုက်သည်မို့ ဖွေးဟာ သိပ်ညံ့သည့်သမီးတစ်​ယောက်လား..
ဦးအပေါ် သွေးရင်းတစ်ယောက်လို ရင်းနှီးနွေးထွေးနေခြင်းကလည်း အဖေဆိုသည့်တော်စပ်မှုကြောင့်ပေါ့...

"ဖွေးလေးရယ် အခုလည်း ကိုယ့်အဖေနဲ့ပြန်တွေ့နေပြီဥစ္စာ ပြောပြလိုက်တော့လေ"

အိမ်ရှင်အစ်မက ဖွေးပခုံးကို ခပ်ဖွဖွဖိဆုပ်ကာပြောလာတော့ ဖွေးမျက်ရည်တွေဝဲလာမိပြီး ခေါင်းလေးကိုသာခါပြလိုက်မိသည်။
အဖေတစ်ယောက်လုံးကို မမြင်ခဲ့သည့်မျက်လုံးတွေ၊ အစ်ကို့ကိုမှ ရင်ခုန်ခဲ့မိသည့် နှလုံးသားကြောင့် ရင်ဘတ်ထဲမှာ အစိပ်စိပ်အမွှာမွှာကွဲကြေနေခဲ့သလိုပင်…

"ဟင့်အင်း ဖေဖေရှာခဲ့တယ်ဆိုပေမယ့် အခုဖွေးသိရသလောက်တော့ မရှာတော့ပါဘူး ပြီးတော့ ဖေဖေက အခုအရမ်းချမ်းသာနေတာ ဖွေးခုမှပြန်သွားရင် ဖွေးကိုတစ်မျိုးမြင်မှာပေါ့"

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now