27

5.9K 224 4
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 27 )
〰〰〰〰〰

"ဖွေး ဒီကိုလာဦး"

ဒီရက်ပိုင်းထဲ သိသိသာသာရှောင်နေသော ဖွေးကြောင့် ထွေပြားနေသည့်စိတ်ဟာ မငြိမ်သက်နိုင်တော့ဘဲ သူမဘာဖြစ်နေသလဲသိချင်မိသည်။
အခုလည်း သူ့ခေါ်သံကိုကြားပေမယ့် မကြားဟန်ဆောင်ပြီး ကွန်ပျူတာကိုကြည့်ရင်း mouseကိုဆက်တိုက်လှိမ့်နေ၏။

"ဖွေးဖွေးဖြူ"

ထိုအခါမှ စူပုတ်ပုတ်မျက်နှာလေးဖြင့် သူ့ဘက်လှည့်လာကာ ထိုင်ရာကမထဘဲ ဘာလဲဆိုသည့်သဘောဖြင့် မေးလေးဆတ်ပြသည်။
ခါတိုင်းလို စပ်ဖြဲဖြဲအမူအယာတွေလည်းမရှိတော့သလို စကားလည်းသိပ်မပြောတော့၍ တစ်ခုခုလိုနေသလို ခံစားမိသည်။

"ဒီနားလာ"

"ခြေထောက်နာနေတယ်"

"ချက်ချင်းကြီးနာသွားတာလား လာ.. အခုလာခဲ့"

ဖွေးက နှုတ်ခမ်းလေးစူသွားပြီး ထိုင်ရာမှထလာတော့ ဖိနပ်မပါဘဲ ထော့နင်းထော့နင်းဖြစ်နေ၍ သူ ဖွေးခြေထောက်ကလေးကိုငုံ့ကြည့်လိုက်မိသည်။
နာမည်နှင့်လိုက်ဖက်သော ဖွေးက ခြေဖမိုးလေးတွေကအစ နုဖတ်နီရဲနေကာ ခြေချောင်းသွယ်သွယ်လေးပေါ်မှာ အရည်ကြည်ဖုတစ်လုံးက အကြည်းတန်စွာရှိနေသည်။

"ဖိနပ်ပေါက်တာလား"

"ဟုတ်"

"ကျစ်! ဘာလုပ်လုပ် နမော်နမဲ့နဲ့ကွာ အမြဲတမ်းပဲ"

သနားလည်းသနားမိသလို ဘယ်လောက်တောင်နာနေလိမ့်မလဲဆိုသည့်အတွေးဖြင့် အားမလိုအားမရဆူမိတော့ ဖွေးကမျက်နှာလေးငယ်ကျသွား၏။
သူ အံဆွဲထဲကဆေးဘူးကိုထုတ်ယူပြီး ဒူးတစ်ဖက်ထောက်ပြီးထိုင်လိုက်ကာ ထိုအရည်ကြည်ဖုလေးပေါ် ဆေးလိမ်းပေးလိုက်သည်။
ဆေးလိမ်းပေးလိုက်ကာမှ အရည်ကြည်ဖုလေးက ပေါက်ထွက်သွားတာမို့ ဖွေးဟာ တော်တော်လေးစပ်သွားပုံဖြင့် စူးခနဲအော်ငိုတော့၏။

"သူများဘာသာနေနေတာကို လိုက်နှိပ်စက်နေတာ"

"ဟာ! မဟုတ်ဘူး"

"အဟင်! စပ်တယ် မေမေရေ ဒီလူကြီးဖွေးကိုနှိပ်စက်နေတယ်လို့"

"ကျစ်! မဟုတ်ပါဘူးဆိုကွာ ဆေးထပ်ထည့်ပေးမယ်"

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now