"အင်း"

"အဲ့ဒါဆိုရပြီ ကျန်တာမတွေးနဲ့တော့"

"ဒါပေမယ့် ကိုကို တရားစွဲခံရတာမျိုးတော့ မဖြစ်စေချင်ဘူးလေ"

"မဖြစ်စေချင်လည်း နောက်ပြန်ဆုတ်လို့ရတာမှမဟုတ်တာ ခိုးလည်းခိုးပြီးပြီ စားလည်းစားပြီးပြီ"

"ကိုကိုနော် အဲ့ဒါကို ဘာလို့ထည့်ထည့်ပြောနေတာလဲ"

ရှက်သွားသောမျက်နှာနုနုလေးဖြင့် ဖွေးက သူ့ရင်ဘတ်ကိုတဘုတ်ဘုတ်ထုတော့ လက်ကလေးတွေကိုရှောင်ဖယ်နေရင်း၊ သူ ရယ်မိရင်းနာလည်းမနာနိုင်။
ထို့နောက် လက်ကလေးတွေကိုပါ ဆွဲယူနမ်းပစ်လိုက်ပြီး…

"မင်းအဲ့လောက်ချစ်ဖို့ကောင်းမှန်းမသိခဲ့ဘူး"

"တော်ပြီလို့ သူများရှက်လို့ပါဆို ဘာလို့လိုက်စ,နေတာလဲ"

သူမမျက်နှာလေး ငိုမဲ့မဲ့ဖြစ်သွားတော့မှ သျှင်မျက်နှာပိုးသတ်ကာ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။
လည်တိုင်လေးထက်မှာလည်း သူသောင်းကျန်းထားသော markin'ရာတွေအပြည့်မို့ ဖွေးကိုယ်လေးကိုဖက်ကာ…

"ထ.. ရေချိုးတော့ တစ်ခုခုသွားစားရအောင်"

"ကိုကို အပြင်ထွက်"

"ဘာလို့ရှက်နေသေးတာလဲ ဖွေးရယ် မဟုတ်လည်း ကိုယ်အကုန်မြင်ဖူး.."

"ရှင်အရမ်းအရှက်မရှိတာပဲ သွား.. ဖွေးငိုတော့မှာနော်"

ဆိုကာ ဖွေးက စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ကိုဆွဲဆိတ်လာတော့သည်။
ချစ်စရာ​ကောင်းလိုက်တဲ့ ခလေးမလေး…

"အိတ်ထဲမှာ မင်းအတွက်အဝတ်အစားတွေပါတယ် ဖိနပ်ရော မြန်မြန်ထွက်ခဲ့နော် ကိုယ်စောင့်နေမယ်"

သူကတော့ အဝတ်အစားလဲပြီးသားမို့ ဖုန်းကိုယူပြီးအခန်းအပြင်ပြန်ထွက်ခဲ့ကာ ဝရံတာကနေပဲ ရပ်စောင့်နေလိုက်သည်။

"ဒီဖုန်းကို ဖေဖေ့လက်ထဲထည့်ပေးလိုက်ပါ"

ဖွေးရဲ့ဖုန်းလေးကိုပေးရင်း အသေအချာမှာတော့ ဦးရဲက သူ့ကိုကြည့်လိုက်၊ မေ့မျောနေသောဖွေးကိုကြည့်လိုက်ဖြင့် သက်ပြင်းချသည်။
သို့သော် ဖုန်းကိုလှမ်းယူပြီး ဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ကာ…

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now