"ဟင့်အင်း"

မြူ နေရာမှာတင် အင်အားချိနဲ့စွာဖြင့် နံရံကိုမှီချလိုက်ပြီး ထိုင်ရက်ကလေးလဲကျသွားရင်း ရှိုက်ကြီးတငင်ငိုပစ်မိ၏။
သူ့အရိပ်၊ သူ့အငွှေ့အသက်တွေဆီက လွတ်မြောက်ခဲ့ပြီထင်ပေမယ့် မြူဟာ အခုချိန်ထိ ခမ်းရဲ့လက်ထဲက မလွတ်မြောက်သေးဘူးလား...

〰〰📑📑📑〰〰

စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်နေရင်း ဆံပင်တွေဖရိုဖရဲဖြစ်နေသည့် ဖွေးမျက်နှာလေးကိုငုံ့ကြည့်ရင်း သူပြုံးနေမိကာ ပါးလေးကိုဖွဖွလေးငုံ့နမ်းမိသည်။
အင်းခနဲအသံလေးဖြင့် မျက်တောင်လေးတွေလှုပ်လာသည့်အခါ ရင်ထဲ ယားကျိယားကျိဖြစ်လာပြီး ထိုမျက်တောင်လေးတွေကိုပါ အမြတ်တနိုးနမ်းမိပြန်သည်။

"အွန်း•••"

လက်ကလေးနှစ်ဖက်ဆန့်ကာ ဖွေးက မျက်လုံးမဖွင့်သေးဘဲ အပျင်းဆန့်ပြီး ဆံပင်တွေကိုဆွဲဖွရင်း ထထိုင်သည်။
သမ်းဝေနေတာလည်းမပျက်ဘဲ ဂုတ်ပိုးလေးကို ပွတ်သပ်ပစ်နေရင်း ထိုင်လျက်လေးအိပ်ငိုက်နေပြန်တော့ ဖွေးရဲ့ပုံစံလေးကိုကြည့်ပြီး အသည်းယားနေမိ၏။
ဘယ်လောက်ကလေးဆန်ပြီး ချစ်စရာကောင်းလိုက်တဲ့အပြုအမူလေးလဲ…
သူမသည် ဘာပဲလုပ်နေနေ၊ ဘယ်အချိန်ကိုပဲရောက်နေနေ သူ့အတွက်တော့ အမြဲတမ်းလှပါသည်။

"ဟင်!!"

အခုမှ သူ့ကိုတွေ့သွားသည့်ဖွေးက ခဏတော့ငြိမ်သက်စူးစိုက်သွားပြီး အူကြောင်ကြောင်ရုပ်ကလေးဖြင့် အခန်းကိုတစ်ခါပြန်ကြည့်သည်။
ထိုအခါမှ အခြေအနေကို သုံးသပ်မိသွားသလို အံ့သြထိတ်လန့်ခြင်းဖြင့် ဆတ်ခနဲဖြစ်သွားပြီး…

"ဖွေးဘယ်ရောက်နေတာလဲ"

"ဘယ်ရောက်နေတယ်လို့ ထင်လို့လဲ ထ.. မျက်နှာသစ်ပေးမယ်"

"ဟင့်အင်း ဘယ်ရောက်နေတာလဲလို့ ကိုကိုကရော ဘာလို့ဖွေးနဲ့အတူရှိနေတာလဲ"

"စကားတွေများလိုက်တာကွာ"

ဖွေးကိုယ်လုံးပိစိလေးကိုဆတ်ခနဲကောက်ပွေ့ယူတော့ ဖွေး ထိတ်လန့်သွားပြီး သူ့လက်တွေထဲက အတင်းပြန်ရုန်းဖို့ကြိုးစား၏။
ရေချိုးခန်းထဲရောက်တော့ ဖွေးကိုကြွေခွက်ပေါ်မှာချပေးလိုက်ပြီး မျက်နှာသစ်ပေးဖို့ ဖန်ခွက်ကိုရေထည့်နေတော့ ဒါကိုပဲ ဖွေးက စိတ်မရှည်တော့သလို သူ့လက်ကြီးကိုဆွဲလှုပ်သည်။

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now