အခန်း (၇၀) အမုန်း

1.1K 135 18
                                    

"နာကျင်ရတယ်မလား"

Translator : Zin Pyay
Proofreader : 叔叔的睫毛

အမတ်မင်းချိုက်၏ သေဆုံးမှုကို ဖုံးကွယ်ထားခဲ့သည်မှာ သေချာသည်။ အငြိမ်းစားယူရန်အတွက် အိမ်အပြန်လမ်းတွင် တောင်ပေါ်ဓားပြများနှင့် တွေ့ခဲ့ခြင်းဖြစ်ကြောင်း လူအများသိအောင် ကြေညာခဲ့သော်လည်း အမတ်အားလုံးက လိမ္မာပါးနပ်သူများဖြစ်လေရာ အဖြစ်အပျက်ကို လူတိုင်းခန့်မှန်းနိုင်ကြသည်။

အခြားဧကရာဇ်တစ်ယောက်သာဆိုလျှင် ဝန်ကြီးများ ဒေါသထွက်ကြမည် ဖြစ်သော်လည်း ယခုက ကွေ့ပတ်သွယ်ဝိုက်မနေဘဲ သတ်ပစ်မည်ဟု ဆိုခဲ့လေသူ ထန်ထိုင်ကျင့် ဖြစ်နေခဲ့သည်။ သူက လူတစ်ယောက်၏မျက်နှာ သို့မဟုတ် ဂုဏ်သိက္ခာများကို အရေးစိုက်ထောက်ထားတတ်သူ မဟုတ်ပေ။

ထိုသို့သောလူတစ်ယောက်အတွက် သူတို့လုပ်နိုင်သည့်အရာ မရှိပေ။

တိုတိုဆိုရသော် လူတစ်ယောက်က တစ်နည်းနည်းဖြင့် အရင်ဆုံး လက်လျှော့လိုက်ပြီဆိုလျှင် မည်သူမှ ထန်ထိုင်ကျင့်၏အမှားကိုရှာဖွေရန် အစပြုလုပ်ဆောင်မည် မဟုတ်ပေ။

အရာအားလုံးက တောမီးပမာ ကြီးထွားလာပြီး မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ခြောက်လပိုင်းသို့ ရောက်လာသည်။

ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီးမစတင်မီ စူးစူးသည် လှပသောအလွှာအထပ်များနှင့် နေရောင်ခြည်တွင် တောက်ပေသာနေရွှေရောင်ချည်များဖြင့် အနီရောင်ဝတ်ရုံကို စမ်းသပ်ဝတ်ဆင်ကြည့်နေလေသည်။

ချည်ထိုးသမ သုံးဆယ့်ခြောက်ယောက်က ဤဝတ်ရုံကို ချုပ်လုပ်ရန်အတွက် နှစ်လခန့် အလုပ်များခဲ့ကြသည်။

နျန့်မုနင်သည်ပင် ဝတ်ရုံက အတော်လေးကြည့်ကောင်းသည်ဟု ဝန်ခံရသည်အထိပင်။

စူးစူး ဝတ်ရုံလဲနေစဉ်မှာပင် 'ယဲ့ပင်းချန်' ရောက်လာကြောင်း လူတစ်ယောက်က သတင်းပို့လာသည်။

"ရာသီဥတုသာယာတော့ တတိယညီမလေးများ အတူတူလမ်းလျှောက်ထွက်ချင်မလားလို့ပါ..."

ယဲ့ပင်းချန်က ဆိုသည်။

သူမမျက်ခမ်းထောင့်များ အနည်းငယ်နီရဲနေလေရာ ငိုကြွေးထားခြင်းဖြစ်ကြေင်း မည်သူမဆို သိနိုင်သည်။ နန်းတွင်းအစေခံများက စူးစူးကို လှမ်းကြည့်ပြီးနောက် ယဲ့ပင်းချန်ကို စာနာသနားသည့်မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်ကြသည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now