အခန်း (၅၂) စွဲလမ်းမှုဥပါဒါန်

3.5K 345 82
                                    

[Unicode]

"သဘောမကျဘူးမလား
မကျလည်း မင်းတတ်နိုင်တာ ဘာမှမရှိဘူး"

Translator : 叔叔的睫毛

သူမ၏ ဆုတောင်းရွတ်ဖတ်သံတို့ စဲသွားသည်နှင့် ဘေးပတ်လည်ရှိ ကြာပန်းများမှာ ပိုလို့လှပစွာ ပွင့်လန်းလာကြသည်။

ပန်းရောင်နှင့် အဖြူ စပ်ဖြာသော နှစ်မြွှာကြာပန်းအသွယ်သွယ်မှာ အလွန်တရာ ကျက်သရေရှိလှပေ၏။

ထန်ထိုင်ကျင့်၏ လက်ချောင်းရှည်များက သူမခြေထောက်နှစ်ချောင်းကြားမှ ပြန်ဆုတ်ခွါသွားသည်။

စူးစူးသည် ဤသို့သောကိစ္စရပ်များကို တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးရာ စိတ်ရှုပ်ထွေးလျက် ကမောက်ကမ ဖြစ်နေရသော်လည်း သူက တမင်လုပ်နေမှန်းတော့ သိ၏။ သူ့လက်ချောင်းများက နက်ရှိုင်းသော အတွင်းထဲထိ တိုးဝင်မသွားခဲ့၊ အနည်းငယ်မျှ အရသာခံ စူးစမ်းရုံသာ ထိတွေ့ပြီး ပြန်ဆွဲထုတ်လိုက်ကာ သူမမျက်နှာအား လာပွတ်သပ်လေသည်။

စူးစူး၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားရ၏။

သူက ထိုနေရာကို တစ်ဖန် ထိလိုက်ပြန်ကာ သူမမျက်နှာသို့ လာပွတ်သပ်ပြန်သည်။ သူ့လက်တို့က နောက်တစ်ဖန် အောက်ဘက်နေရာတစ်ဝိုက်သို့ ဆင်းသွားပြန်ပြီးမှ သူမနှုတ်ခမ်းတို့ကို လာထိတွေ့ပြန်၏။ နောက်တစ်ဆင့်တက်၍ သူမ၏ ပါးစပ်ကိုများ ဖွင့်ခိုင်းလေတော့မလားဟု စူးစူး တွေးကြောက်လာရသည်။

ထိုသူ မလုပ်နိုင်သည့်အရာဟူ၍ ရှိရောရှိပါရဲ့လား။ သူက ဘာကိုမဆို လုပ်ပစ်လိုက်နိုင်၏။

လူငယ်လေး၏ အသက်ရှူသံတို့က မြန်ဆန်နေခဲ့ကာ လေသံပင် အနည်းငယ် မြင့်တက်သွားပြီး ပြောလာ၏။

"ငါ့ကို တောင်းပန်လေ .. အာ"

ထိုစကားသံထဲဝယ် ခြိမ်းခြောက်မှုအနည်းငယ်အပြင် သူကိုယ်တိုင်ပင် နားမလည်လောက်သော ကြည်နူးပျော်ရွှင်မှုလေး အနည်းငယ်လည်း ပါဝင်နေခဲ့သည်။

စူးစူး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရသည်။ ထိုအခိုက် သူမဘေး၌ မကြာသေးခင်က ချွတ်ထားခဲ့သော အဝတ်ပုံထဲမှ အဖြူရောင် ကူကောင်လေး ထွက်လာ၏။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now