အခန်း (၄၀) ခုံးကောင်မင်းသမီးလေး

3.7K 297 27
                                    

[Unicode]

"ဒါပေမဲ့ မင်ယဲ့ရယ်
ကျွန်မ နာကျင်ရမှာကို ကြောက်တယ်"

Translator : 叔叔的睫毛

ကုံးယွိသည်လည်း မှတ်ဉာဏ်တံလျှပ်လောကအကြောင်း သိပ်မသိလှ။

"နတ်ဘုရားနှင့် မိစ္ဆာတို့၏ ဒဏ္ဍာရီများ" အရ မြွေမျိုးနွယ်များသည် နှစ်ပေါင်းထောင်ချီ၍ ကျင့်ကြံပြီးသော် ရေနဂါးများအဖြစ်သို့ ပြောင်းလဲနိုင်ကြမည် ဖြစ်ကာ ရေနဂါးများသည်လည်း နှစ်ပေါင်းတစ်သောင်းတိုင် အစဉ်တစိုက် ကျင့်ကြံပြီးလျှင် နတ်နဂါးစင်စစ်အဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။ မင်ယဲ့သည် ထိုဒဏ္ဍာရီ၏ ဥပမာပင် ဖြစ်သည်။ သေးငယ်သော အနက်ရောင်မြွေလေးမှ ခက်ခဲပင်ပန်းစွာ ကျင့်ကြံလာခဲ့ပြီး ရေနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ နတ်ဘုရားတစ်ပါး၏ ကံကြမ္မာနှင့် ကြီးမားလှသော စွမ်းပကားကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ရှန့်ချင်းသုခဘုံ၏ အရှင်သခင် ဖြစ်လာခဲ့၏။

ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုပါလျှင် လာမည့် နှစ်ထောင်ပေါင်းအနည်းငယ်အတွင်း သူသည် အစစ်အမှန် နတ်ဘုရားတစ်ပါးအဖြစ်သို့ ကြွလှမ်းစံမြန်းနိုင်မည်ပင်။

သို့သော်လည်း အကြောင်းတချို့ကြောင့် နတ်ဘုရားနှင့် မိစ္ဆာတို့၏ စစ်ပွဲကြီး ပြီးဆုံးသွားသည့်နောက်၌ သူသည် မှတ်ဉာဏ်တံလျှပ်လောကထဲတွင် သူ့ကိုယ်သူ ပိတ်လှောင်ပစ်ရန် ရွေးချယ်ခဲ့လေသည်။

မှတ်ဉာဏ်တံလျှပ်လောက —

အိပ်မက်လေးတစ်ခု တည်ဆောက်နိုင်ရန်အတွက် သူ၏ ကိုယ်ပိုင်ကျင့်ကြံဆင့်နှင့် သွေးအဆီအနှစ်တို့ကို လောင်ကျွမ်းစေ၍ ကွယ်လွန်သွားရှာလေသော တစ်စုံတစ်ယောက်ကို မြင်နိုင်ရန်မျှနှင့် အနှီအိပ်မက်လေးထဲ၌ပင် အဖန်တလဲလဲ သံသရာလည်နေခြင်း ဖြစ်သည်။

မင်ယဲ့၏ ကျင့်ကြံဆင့်တို့ အလုံးစုံ ကုန်ခန်းသွားပြီး သူ့ကိုယ်သူ မှတ်ဉာဏ်တံလျှပ်လောကအတွင်း နှစ်တစ်သောင်းနီးပါး နှစ်မြှုပ်ထားခြင်းကို မြင်ရသည်မှာ အမှန်ပင် ဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။ နတ်ဘုရားစင်စစ်ဖြစ်လာရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့် စွမ်းအားကြီးမားလှသူက ယခုကဲ့သို့ မော့မြစ်အောက်ခြေရှိ မထင်မရှား ရေနဂါး ဖြစ်လာရသည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now