အခန်း (၄၆) အရင်းခံ နှလုံးသား

3.7K 329 75
                                    

[Unicode]

"ညစ်ပတ်လိုက်တာ"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page
Proofreader : 叔叔的睫毛

စူးစူးထွက်လာပြီးနောက် သိပ်မကြာခင် ရှောင်းလင်၊ ယဲ့ပင်းချန်နှင့် ဖန်းယီကျစ်တို့လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။

မှတ်ဉာဏ်တံလျှပ်လောက အဆုံးသတ်သွားချိန်၌ စူးစူးကဲ့သို့ပင် လူတိုင်း ကိုယ်ပိုင်အသိစိတ်ပြန်ဝင်လာကြရာ အားလုံး၏ မျက်နှာအမူအရာတို့မှာ သိပ်မကောင်းကြပေ။

ဖန်းယီကျစ်သည် စူးစူးကို ကြည့်ရင်း ပါးစပ်ဟလိုက်သော်ငြား မည်သည့်စကားမျှ ပြောဆိုနိုင်ခြင်းပင် မရှိ။

စန်းယို့ပိုင်ဆိုင်သော မှတ်ဉာဏ်များထဲတွင် စန်းကျိုက သူ့အား ကယ်တင်ပေးခဲ့သည်။ သူသည် ချန်းရှီးမြစ်သို့ ရောက်လာပြီးနောက် ဘုရင်အသစ် ဖြစ်လာခဲ့၏။ သူ၏ ညီမလေးကမူ မျိုးနွယ်စုတစ်ခုလုံး၏ အမုန်းကို တစ်ကိုယ်တည်းခံယူကာ အဆုံး၌ ဝိညာဉ်သည်ပင် တစ်စစီ ပျောက်ကွယ်သွားခဲ့ရသည်။

နောက်ပိုင်း၌ သူသည် မင်ယဲ့၏ ဂူထံသို့ အပြေးအလွှား သွားခဲ့သော်လည်း ခြေတလှမ်း နောက်ကျခဲ့လေသည်။ စန်းကျိုကို မဆိုထားနှင့်၊ မင်ယဲ့သည်ပင် မရှိတော့ချေ။

ရှောင်းလင်သည် နှုတ်ခမ်းတို့အား တင်းတင်းစေ့ထားလျက် ငြိမ်သက်နေ၏။ ယခုအချိန်၌ သူ၏ စိတ်ခံစားချက်တို့မှာ အရှုပ်ထွေးဆုံး ဖြစ်နေရသည်။ ရှောက်ကျွီးအနေနှင့် ရှိနေခဲ့သည့် မှတ်ဉာဏ်များထဲ သူသည် ခုံးကောင်မင်းသမီးလေးအား ချစ်မြတ်နိုးနေခဲ့သည်။

ရှောက်ကျွီး၏ ခံစားချက်တို့သည် သိပ်ပြီး ပြင်းထန်လွန်းလှသည်တော့ မဟုတ်။ သက်တမ်းရင့် သေရည်တစ်အိုးကဲ့သို့ပင်။ အချိန်မြောက်မြားစွာ ကြာမြင့်ခဲ့သော်လည်း ရနံ့ကတော့ ကွယ်ပျောက်မသွားသည့်နှယ်။ ရှောင်းလင်မှတစ်ပါး ဤလောက၌ တခြားဘယ်သူမှ ထိုခံစားချက်ကို နားမလည်နိုင်ချေ။

ယဲ့ပင်းချန်၏ မျက်နှာသည် ဖြူဖျော့နေခဲ့သည်။ သူမသည် တုံးအသောသူ မဟုတ်ပါ။ မှတ်ဉာဏ်တံလျှပ်လောကအတွင်း ဖြစ်ပျက်ခဲ့သည်တို့အရ ထျန်းဟွမ်း လုပ်ခဲ့သမျှမှာ ကောင်းတာတစ်ခုမှ မရှိကြောင်း အလိုအလျောက် နားလည်နေ၏။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now