အခန်း (၂၇) ရှက်ရွံ့ရခြင်း

3.2K 329 17
                                    

[Unicode]

"ပါးစပ်ပိတ်နေ ရှင် စကားအရမ်းများတာပဲ"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page

အမှန်တကယ်က ထန်ထိုင်ကျင့်သည် နိုးနေပြီဖြစ်၏။ ခွေးဝါကြီးက သူ့အနားသို့ တိုးကပ်လာစဥ်ကပင် သတိပြန်ရလာခြင်း ဖြစ်သည်။ သူ့သွေးကြောင့် ထိုခွေးသည် အဆိပ်သင့်၍ သေသွားပြီးသည့်နောက် ကလေးအုပ်စုက ချဥ်းကပ်လာကြပြန်သည်။

သူသည် တိတ်ဆိတ်စွာ မှောက်လျက်သားဖြင့်ပင် အတွင်းစိတ်က တွေးနေခဲ့မိသည်။

'သူတို့အနားရောက်လာရင် ငါတို့ တူတူသေရမယ်ဆိုရင်တောင် သူတို့ကိုသတ်ဖို့ နည်းလမ်း ရှာရမယ်"

သူသည် နာကျင်နေခဲ့ပါ၏။ ရွှမ်ပင်းအပ်သည် သူ၏ ဝဲဘက်မျက်လုံးထဲတွင် မြှုပ်နှံလျက်သား ရှိနေပြီး သွေးများက ခဲနေပြီဖြစ်ကာ အေးစပ်နေသော ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။ သူ့မျက်နှာတစ်ဝက်သည် နှင်းများကြား မြုပ်နေခဲ့ပါသော်ငြား သူသည် အိပ်ပျော်မသွားလိုခဲ့ပေ။

'ငါ အိပ်ပျော်သွားခဲ့ရင် နောက်ထပ် ငါ့မျက်ဝန်းတွေကို ဘယ်တော့မှ ပြန်ဖွင့်နိုင်မှာ မဟုတ်တော့ဘူး'

'ငါ သေရမယ်ဆိုရင်တောင် ငါဘယ်လိုသေလဲဆိုတာကို စောင့်ကြည့်ချင်သေးတယ်'

သို့သော် သူသည် ရင်းနှီးနေသော အသံတစ်ခုအား ကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အနှီမိန်းကလေးသည် သစ်တောထဲမှ ခုန်ထွက်လာကာ ကလေးများအား သူတို့၏နားရွက်များကို ဆွဲ၍ အဝေးသို့ မောင်းထုတ်ခဲ့လေသည်။

သူ၏မသန်စွမ်းသော ခန္ဓာကိုယ်မှာ ခေတ္တမျှ တောင့်တင်းကာ သွားရ၏။ ထန်ထိုင်ကျင့်၌ ရွေးချယ်ခွင့်သာ ရှိလျှင် ဤကဲ့သို့သော အခြေအနေမျိုးနှင့် မတွေ့ချင်ဆုံးသူက စူးစူး ဖြစ်သည်။ သူ မူလက တွေးထားခဲ့သည်မှာ အကယ်၍ သူမက အသက်ရှင်နေခဲ့လျှင်ပင် နောက်ထပ်ပြန်တွေ့ကြသည့်အခါ သူက သူမအား စိတ်ကြိုက် အနိုင်ကျင့် နှိပ်စက်နိုင်မည့် ကြီးမြတ်သော ဘုရင်တစ်ပါးဖြစ်နေပြီး သူမ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်လိမ့်မည် ဟူ၍ပင်။

Black Moonlight Holds the BE Script || ဘာသာပြန်Opowieści tętniące życiem. Odkryj je teraz