အခန်း (၅၅) သွေးရူးသွေးတန်း

3.1K 319 120
                                    

[Unicode]

"မင်း ကိုယ်တော့်ကို မပြောခဲ့ဘူးလား!
သူ ပြန်လာမယ်ဆို!"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page
Proofreader : 叔叔的睫毛

အရာအားလုံးက မမျှော်လင့်ဘဲ ဖြစ်ပျက်သွားခြင်းဖြစ်ပြီး ကာကွယ်ရန် မမီခဲ့ဘဲ ကုံးယွိမှာ စူးစူးက ရှောင်းလင်၏ ရင်ဘတ်ဆီသို့ ဓားမြှောင်ဖြင့် ထိုးစိုက်ချလိုက်ခြင်းကို ကြောင်အစွာဖြင့် ကြည့်နေမိသည်။

ဓားမြှောင်ကား နှလုံးအိမ်ထဲသို့တိုင် ထိုးဖောက်ဝင်ရောက်သွားပြီး ရှောင်းလင်မှာ ရုတ်ခြည်းဆိုသလို ဒူးထောက်ကျသွား၏။

သူက စူးစူးအား ကျောပိုးထားဆဲဖြစ်ပြီး အနီးသို့ ချဉ်းကပ်လာသော မိုက်မဲသည့် မိစ္ဆာငယ်လေးတစ်​ကောင်ကိုပင် လက်မောင်းကို ဝှေ့ယမ်းလျက် သတ်လိုက်သေးသည်။

ကုံးယွိသည် စိတ်ထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော မှန်းဆချက်တစ်ခုကို တွေးတောမိကာ တုန်လှုပ်သွားရလေသည်။

"သခင် .. သတိထားပါဦး! မြန်မြန်နိုးလာတော့! ရှောင်းလင်ကို မထိခိုက်စေနဲ့တော့လို့!"

သေချာပေါက်ပင် စူးစူးက သူ့စကားကို မကြားပါချေ။ သူမ၏ မျက်ဝန်းများသည်ကား အရောင်တောက်ပခြင်း ရှိမနေဘဲ ချောင်ပိတ်ခံထားရသည့် ရေသေအိုင်နှင့် တူညီလှစွာ မှိန်ဖျော့နေ၏။

လတ်ဆတ်သော သွေးများက စူးစူး၏ လက်ဖဝါးတွင် ရွှဲနစ်လာသည်။

သူမက မျက်တောင်ခတ်လိုက်ပြီး တစ်ခဏမျှအကြာတွင် ခေါင်းက ကွဲထွက်တော့မလို နာကျင်ကိုက်ခဲလာ၏။ ကုံးယွိ၏ စိုးရိမ်တကြီး အော်ဟစ်သံများက နားထဲတွင် မြည်ဟီးနေခဲ့သော်ငြား စူးစူး၏ အမြင်အာရုံထဲတွင်မူ အမှောင်ထုကသာ ကြီးစိုးနေခဲ့သည်။

ဝေဝါးနေသော အသိစိတ်ထဲတွင် သူမသည် သူမထံသို့ ဦးတည်လာနေသည့် မိစ္ဆာတစ်ကောင်ကို သတ်လိုက်ပုံရပြီး သွေးနံ့များက ချက်ချင်းဆိုသလို ပြင်းထန်လာ၏။

သူမက လူတစ်ယောက်၏ နောက်ကျောထက်မှ ပြုတ်ကျသွားခဲ့သည်။

သူမစိတ်ထဲရှိ မြူခိုးများက ရုတ်တရက် ရှင်းလင်းသွားခဲ့ပြီး ပိတ်ဆို့ခံထားရသော အမြင်အာရုံသည် နောက်ဆုံးတွင်တော့ တစ်စုံတစ်ရာကို မြင်တွေ့နိုင်ခဲ့ပြီဖြစ်သည်။ လေထုထဲတွင် သွေးနံ့များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျံ့နှံ့နေ၏။ သို့သော် ဤသည်က မိစ္ဆာတစ်​ကောင်ထံမှ မဟုတ်ခဲ့ပါချေ။

Black Moonlight Holds the BE Script || ဘာသာပြန်Dove le storie prendono vita. Scoprilo ora