အခန်း (၆) မဟုတ်မမှန် စွပ်စွဲခံရခြင်း

3.5K 413 8
                                    

[Unicode]

"ကျွန်မကိုယ်တိုင် ရှင့်ကိုရိုက်မှာ!"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page

အိမ်တော်ကို ပြန်ရောက်လာပြီးသည့်နောက် ချွင်းထောင်သည် အသက်နှစ်ဆယ်ဝန်းကျင်အရွယ် အစေခံမလေးတစ်ယောက် စစ်သူကြီးအိမ်တော်ရှေ့၌ မတ်တပ်ရပ်နေသည်ကို မြင်ခဲ့သည်။

ထိုအစေခံမလေးသည် လုံးဝန်းသော မျက်နှာသွင်ပြင်ရှိပြီး သူမ၏ မျက်ခုံးများကလည်း တိရိလှပလို့နေသည်။ သူမအား မြင်ပြီးနောက် ချွင်းထောင်သည် လျင်မြန်စွာပင် ကြောက်လန့်တကြား အရိုအသေပေးလိုက်၏။

အစေခံမလေး၏ နူးညံ့သော မျက်ခုံးများသည် စုကြုတ်သွား၏။ သူမသည် ချွင်းထောင်အား ဘေးသို့ တွန်းဖယ်လိုက်ပြီး အရှေ့သို့ တစ်လှမ်းချင်းလျှောက်လှမ်းသွားသည်။

"သခင်မလေး ပိလျို ပြန်ရောက်လာပါပြီ။ သခင်မလေးကို ပိလျို ဝေါယာဉ်ပေါ်ကဆင်းဖို့ ကူညီပေးပါ့မယ် "

စူးစူးသည် ဝေါယာဉ်၏အကာကို မ တင်လိုက်ပြီးနောက်တွင် မရင်းနှီးသော မျက်နှာတစ်ခုအား တွေ့မြင်လိုက်ရ၏။ သူမကိုယ်သူမ ပိလျိုဟု ခေါ်သံကို ကြားရပြီးနောက်တွင်တော့  မည်သူဖြစ်ကြောင်းကို စူးစူး နားလည်သဘောပေါက်သွားရသည်သာ။

မူလကိုယ်တွင် ကိုယ်ပိုင်အစေခံ လေးယောက်ရှိ၏။ ယင်းချောင်သည် လက်ထပ်ရန်အတွက်စစ်သူကြီးအိမ်တော်၏ အပြင်ဘက်သို့ သူမ၏အဘွားထံမှ စေလွှတ်ခြင်းခံခဲ့ရသည်။

ယခုအချိန်ကာလအတွင်း စူးစူးနှင့်အတူတူရှိနေခဲ့ကြသည့် အစေခံလေးများမှာ ရှီးရှီးနှင့် ချွင်းထောင်တို့ ဖြစ်ကြ၏။ သို့ရာတွင် ထိုအစေခံလေးနှစ်ယောက်မှာ သတ္တိသိပ်မရှိကြပေ။ မူလကိုယ်၏ အမြင်တွင်ကား ထိုအစေခံလေးများမှာ ရိုးရိုးအအလေးများ ဖြစ်ကြပြီး ရူးမိုက်တတ်ကြသေး၏။ ထို့ကြောင့် မူလကိုယ်သည် ထိုအစေခံလေးများအား များစွာသဘောကျခြင်း မရှိပါပေ။

ယဲ့ရှီးဝူ သဘောအကျဆုံး အစေခံလေးမှာ ယခုသူမ၏ အရှေ့တွင် ရှိနေသည့် ပိလျိုဖြစ်သည်။ မူလကိုယ်၏ မှတ်ဉာဏ်ထဲတွင် ပိလျိုသည် ထက်မြတ်၍ ဖြတ်ထိုးဉာဏ်ကောင်းသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ ပိလျိုသည် အလုပ်လုပ်ရာတွင် သွက်လက်၍ စကားပြောကောင်းကာ နှုတ်ချို၏။ ထို့ကြောင့်လည်း သူမ၏ နှလုံးသားအား အနိုင်ယူနိုင်ခဲ့ခြင်းပင်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now