အခန်း (၁၂) မစိုးရိမ်ပါနဲ့တော့

3.2K 359 21
                                    

[Unicode]

"သူ့ကို သနားမိလို့တော့ မဖြစ်ပါ"

Translator : Precious 66 Luo Yunxi 罗云熙 Leo Myanmar Fan Page

ဤသည်က မင်းသားကျောက်၏ ဘဝတွင် မျက်နှာတည့်တည့်သို့ အရိုက်ခံရသည်မှာ ပထမဆုံး ဖြစ်သည်။

"ယဲ့ရှီးဝူ မင်း ဒီမင်းသားကို တကယ် ရိုက်ရဲတယ်!"

ရှောင်းရှန့်သည် သူ့အား ရိုက်လိုက်သူမှာ မည်သူဖြစ်ကြောင်း သိရှိသွားကာ မျက်နှာတစ်ပြင်လုံး ရှုံ့တွသွား၏။

မင်းသားကျောက်၏ စရိုက်သည် ရက်စက်ပြီး အငြိုးအတေးလည်း ကြီးသည်။ အကယ်၍ သူသာ အရင်တုန်းက ယဲ့ရှီးဝူ၏ ရုပ်ရည်အပေါ် စိတ်မဝင်စားဖူးခဲ့လျှင် ယခုချက်ချင်းပင် သူမအား သေသည်အထိ ရိုက်နှက်ပစ်ပြီးနေလေပြီ။

'ငါလို မင်းသားကိုများ ရိုက်ရဲတယ်! ဒီမသိတတ်တဲ့မိန်းမက သေရမှာ မကြောက်ဘူးလား!'

"အစောင့်တွေ .."

ဘေးဘက်တွင်ရပ်နေသော ယွီချင်းသည်လည်း အလွန်အံ့အားသင့်နေ၏။ သူသည် မင်းသားကျောက်၏ အနားတွင် နေလာသည်မှာ ကြာပြီဖြစ်ရာ ယဲ့ရှီးဝူအကြောင်းကို ကြားဖူးနားဝရှိထားသည်။ 

ယွီချင်းသည် စူးစူးအား စိတ်ဝင်စားစွာ စိုက်ကြည့်နေပြီးမှ မင်းသားကျောက်ကို ဟန့်တားသည်။

"စိတ်လျှော့ပါ အရှင့်သား။ သူက ယဲ့ရှောက်ရဲ့ တစ်ဦးတည်းသော တရားဝင်သမီးဆိုတာ မေ့လို့မဖြစ်ပါဘူး"

သူက စိုးရိမ်နေသော အကြည့်တစ်ချက်နှင့် အကြံပြု၏။

မင်းသားကျောက်သည်ကား ဒေါသကြောင့် စိတ်လွတ်နေပြီဖြစ်ရာ သူ၏ အကြည့်များကအစ အန္တရာယ်ပြုတော့မည့် အရိပ်အယောင်တို့ ယှက်သန်းနေသည်။

"ဒီမင်းသားက သူ့ကို ဒီနေ့ သေစေချင်တယ်!"

စူးစူးက သူ့အား ကြောက်မည်ဆိုပါက ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။ သူမ မွေးဖွားလာပြီးကတည်းက ယခုနှစ်များအတွင်း စူးစူး ကြောက်ရွံ့ခဲ့သောအရာတို့ များစွာရှိသည်။ သူမသည် သေမျိုးလောကအတွင်းရှိ သမာသမတ်လမ်းစဥ်မှ သွေဖယ်နေသော လောကဓံတရားတို့ကို ကြောက်သည်။ ကလေးသူငယ်များနှင့် လူကြီးသူမများ ငတ်ပြတ်မှုဒဏ် ခံစားကြရမည်ကို ကြောက်သည်။ သူမ၏ ဂိုဏ်းတူမောင်နှမများ ချေမှုန်းသုတ်သင်ခံရကာ ပြာအဖြစ် လွင့်ပြယ်သွားမည်ကို ကြောက်သည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now