အခန်း (၃၀) ပြန်လည်သိမ်းပိုက်

3K 316 18
                                    

[Unicode]

"အရာအားလုံး ကျွန်တော့်အပိုင် ဖြစ်လာလိမ့်မယ်"

Translator : Precious 66 + Ink Seeker

ညလင်းပုလဲသည် သူမတို့ပတ်ဝန်းကျင်ရှိ ထောင့်များအားလုံးကို အလင်းရောင် လင်းဖြာစေသည်။ ချင်းရှစ်ပန်းပွင့်ချပ် နိုးထလာခဲ့ပြီဆိုလျှင် ၎င်းကို ဖျက်ဆီး၍လည်း မရ၊ နှောင့်နှေးအောင် ပြုလုပ်၍လည်း မရပေ။ ဤဖြစ်စဉ်မပြီးမြောက်သေးမီ ၎င်း၏ ပိုင်ရှင်ကို အတင်းအမြောက် လွှဲယူ ပြောင်းလဲမှသာ ရမည် ဖြစ်သည်။ စူးစူး၏ ဝိညာဉ်သည် ထာဝရရှင်သန်နိုင်သော မသေမျိုးခန္ဓာကိုယ်၏ ဝိညာဉ်ဖြစ်သောကြောင့် နတ်လက်နက်သည် အားထုတ်စရာမလိုဘဲ သဘာဝအလျောက် ပိုမို နီးကပ်ကျွမ်းဝင်လျက် ရှိသည်။

ယခုအချိန်မှာတော့ ချင်းရှစ်ပန်းက သူမကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ စူးစူးသည် မျက်လုံးများကို မှိတ်ထားရင်း ထန်ထိုင်ကျင့်၏ ခန္ဓာကိုယ်ထဲ ကျန်နေသေးသော ချင်းရှစ်ပန်း၏ စွမ်းအားအနည်းငယ်ကို စုပ်ယူလိုက်သည်။

ခရမ်းရောင်အလင်းတန်းများသည် ထန်ထိုင်ကျင့်ထံမှတစ်ဆင့် စူးစူးခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့ကြ၏။ လောကကြီးထဲ အမျိုးမျိုးသော အခြေအနေများစွာ ရှိသည့်အထဲမှာမှ ခရမ်းရောင်ချင်းရှစ်ပန်းသည် သနားစရာ၊ နာကျည်းစရာနှင့် ဝမ်းနည်းဖွယ်ရာ အကောင်းဆုံး ဖြစ်သည်။

သတိလစ်နေသော ထန်ထိုင်ကျင့်၏ လည်စေ့သည် အထက်အောက် လူပ်ရှားသွား၏။

သူသည် သစ်ပင်မိစ္ဆာကို သူ့အား ရည်ရွယ်ချက်ရှိရှိ မျိုချစေခဲ့သည်မှာ အမှန်ပင်။ ရန်စလိုက်စဥ်ကတည်းကပင် ရှင်းရှင်းလင်းလင်း တွေးခေါ်မထားဘူးဆိုလျှင် အလွန်ရူးမိုက်မဲလွန်းရာ ကျသွားလိမ့်မည် ဖြစ်သည်။ ထန်ထိုင်ကျင့်သည် သဲလွန်စများနောက်ကို လိုက်ကာ သစ်ပင်မိစ္ဆာ၏ ချင်းရှစ်ပန်းပွင့်ချပ်အား သူ့လက်ထဲသို့အရောက် လုယူခဲ့ခြင်းပင်။

ထန်ထိုင်ကျင့်က ထိုအရာကို ဘာမှန်းမသိခဲ့သော်ငြား ချင်းရှစ်ပန်းပွင့်ချပ်သည် သူ့သွေးကို ထိလိုက်သည်နှင့် တစ်ပြိုင်နှက် အလျင်အမြန်ပင် ပြင်းပြင်းထန်ထန် လှုပ်ခါလာ၏။ သူက ထိုအရာကို အဝေးကို လွတ်ပစ်ချင်ခဲ့ပါသော်ငြား နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူ၏ဦးခေါင်းမှာ အလွန်အမင်း နာကျင်ကာ သတိလစ်သွားခဲ့သည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now