အခန်း (၅၁) ကလဲ့စား

3K 272 22
                                    

[Unicode]

"ငါ့ကို တောင်းပန်လေ"

Translator : Malia
Proofreader : Precious 66 + 叔叔的睫毛

နျန့်မုနင်အတွက်​မူ ဤစည်းမျဥ်းသည် အဓိပ္ပါယ်ရှိ​မ​နေပေ။ မည်သို့ဆိုစေ ယီယွဲ့မျိုးနွယ်စုဝင်များသည် အမြဲတမ်းလိုလို ရှေးရိုးစွဲဆန်သူများ ဖြစ်ကြ​၏။

နျန့်မုနင်က မသိစိတ်အ​လျောက် မျက်ခုံးပင့်၍ ​ခေါင်းကိုးလုံးငှက်သဏ္ဌာန်ထွင်းထား​သော ​တော်ဝင်​ဝေါယာဥ်​ပေါ်ရှိ လူငယ်​လေးအား ကြည့်လိုက်မိသည်။

သူက ဝတ်ရုံစကို မလိုက်ပြီး ​ဝေါယာဥ်​ပေါ်မှ ဆင်းလာ၏။

ခြံဝန်းထဲတွင် အရွက်ဖားဖားနှင့် စိမ်းစိမ်းစို​စို အပင်များစွာ စိုက်ပျိုးထား​လေရာ မိန်းမစိုးကြီးက ဝီရိယရှိရှိပင် သူ့အား အမီလိုက်၍ သစ်ပင်များထက်မှ ရံဖန်ရံခါ ကျဆင်းလာတတ်သည့် မိုး​ရေစက်များကို ကာ​ပေး​သည်။

နျန့်မုနင်က ဦးညွှတ်အရိုအ​သေ​ပြုလိုက်၏။

လူငယ်​လေး၏ ထည်ဝါသော အနက်​ရောင်ဝတ်ရုံသည် ညအ​မှောင်ထုနှင့် ​ရောယှက်​နေပြီး ခန္ဓာကိုယ်​ပေါ်မှ သေရည်နံ့ခပ်သင်းသင်း​လေး ပျံလွင့်နေသည်။ သူ၏အသားအ​ရေမှာ အလွန်အမင်းဖြူစွတ်​နေ​သော်လည်း နှုတ်ခမ်း​လေးများကမူ နီ​စွေး​နေ၏။

သူသည် တံခါး​ရှေ့တွင် ရပ်​နေဆဲဖြစ်ကာ တစ်စုံတစ်ခုကို တွေဝေနေသကဲ့သို့ အနည်းငယ် တုံ့ဆိုင်း​နေသည်။

မိန်းမစိုးကြီးမှာ နဂိုကတည်းက လူကဲခတ်တော်သူ ဖြစ်​လေရာ ရက်အနည်းငယ်မျှ ထန်ထိုင်ကျင့်၏​ နောက်သို့ လိုက်ပြီးသည့်​နောက်တွင်​ သူ၏ အ​တွေးများကို ခန့်မှန်းတတ်စ ပြုလာပြီဖြစ်၏။

ထို့​ကြောင့် မိန်းမစိုးကြီးက စိတ်အားထက်သန်စွာဖြင့် အကြံ​ပြုလိုက်သည်။

"အရှင်မင်းကြီး၊ တကယ်လို့ မိန်းက​လေးယဲ့ ဘာလုပ်ရမှန်း နားမလည်ဖြစ်​နေမှာကို စိုးရိမ်​တယ်ဆိုရင် ဒီအစေခံဆီမှာ လူကြီးမင်းလီရဲ့ လက်ရေးစာတစ်​စောင် ရှိပါတယ်"

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now