အခန်း (၁၇) အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သော

3K 331 6
                                    

[Unicode]

"မျက်နှာသေဖြင့် ကောက်ယူမျိုချ"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page

ထိုနေ့ပြီးသည့်နောက် လန်အန်းသည် ဘယ်တော့မှ ပြန်မလာခဲ့တော့ချေ။

ထန်ထိုင်ကျင့်သည် စူးစူးအား ကျိုးပြည်ထောင်၏ စွန့်ပစ်နန်းဆောင်ထဲတွင် ထားရှိခဲ့ပြီး နေ့တိုင်း နေဝင်ရီတရောအချိန်၌ အိပ်စက်အနားယူဖို့ ပြန်လာတတ်သည်။ သူက ကြမ်းပြင်ပေါ်မှာ အိပ်ပြီး တစ်ခါတလေမှာတော့ ပြတင်းပေါက်ကို ဖြတ်၍ ဖြာကျနေသည့် လရောင်ကို ကြည့်နေလိမ့်မည်။ တစ်ခါတစ်ရံတွင်မူ သူ၏ သစ်စေးကဲ့သို့သော မျက်ဝန်းနက်တစ်စုံနှင့် သူမအား မျက်တောင်မခတ်တမ်း ကြည့်နေတတ်သော်ငြား နောက်ထပ် ထိတွေ့လာတာမျိုး မရှိခဲ့ဘဲ အဲဒီအစား သူမကို အဝေးမှာသာ ထားရှိခဲ့သည်။

ထိုနေ့ကသာ သူသည် သူမအား 'လှတယ်' ဟု မပြောခဲ့ပါလျှင် သူက သူမကို အထူးတလည် မုန်းနေသည်ဟု စူးစူး ထင်မိလောက်သည်။

စူးစူး ခံရအခက်ဆုံးအရာသည်ကား အနှီကောင်လေးသည် သူမ၏ ခန္ဓာကိုယ်ကို သူ၏သွေးများဖြင့် စွန်းထင်းနေစေခဲ့သော်ငြား ပြန်သုတ်ပစ်ဖို့ လုံးဝကို ရည်ရွယ်ချက်မရှိခဲ့ခြင်းပင် ဖြစ်သည်။ ရည်ရွယ်ချက်ကို မရှိခဲ့ခြင်းလား သို့မဟုတ် မေ့သွားခြင်းလား ဆိုသည်ကိုတော့ သူမလည်း မသိတော့ချေ။

စူးစူးသည် ယခုအချိန်၌ သူမ၏ အာရုံတို့ကို အလုံးစုံ ထိန်းချုပ်နိုင်စွမ်းမရှိခြင်းက ကောင်းသည့်အရာဟု ဆိုရမည်။ သူမ၏ လူသားခန္ဓာကိုယ် မြန်မြန်ပြန်ရပြီး ထန်ထိုင်ကျင့်အား အိပ်မက်နယ်မြေထဲက ကန်ထုတ်ပစ်နိုင်ဖို့ကို မျှော်လင့်ရန်သာ ရှိတော့သည်။

မည်သို့ဆိုစေ အိပ်မက်နယ်မြေထဲတွင် နေထိုင်ခြင်းက သူမအား မိစ္ဆာအရိုးနှင့် ပတ်သတ်ပြီး ဗဟုသုတ၊ သတင်းအချက်အလက်တွေ အများကြီး တိုးပွားလာစေခဲ့သည်။

သို့သော်ငြားလည်း အစစ်အမှန်လောကတွင် မိုးသောက်ချိန်ရောက်သည်အထိ စူးစူးသည် ထန်ထိုင်ကျင့်နှင့် ယဲ့ပင်းချန်တို့ကို မနှိုးနိုင်ခဲ့လျှင် သူတို့အကုန်လုံး အိပ်မက်နယ်မြေထဲ၌ သေဆုံးသွားရမည်သာ။ ရောင်စုံဖန်သားရုပ်တုထဲ ပိတ်မိနေရင်းနှင့်မှ စူးစူးသည် အလွန်အမင်းစိတ်သောက ရောက်နေရတော့သည်။

Black Moonlight Holds the BE Script || ဘာသာပြန်Wo Geschichten leben. Entdecke jetzt