အခန်း (၁၉) သကြားလုံးလေး

3.2K 342 21
                                    

[Unicode]

"ချိုရဲ့လား"

Translator : Ink Seeker for Miles

စူးစူးသည် ထန်ထိုင်ကျင့် ဒေါသထွက်ရသည့် အကြောင်းအရင်းကို ဆန်းစစ်ကြည့်ရန် ပျင်းလွန်းနေသည်။ လက်ထဲတွင် ဓားစာခံတစ်ယောက်ရှိနေပါက အရာအားလုံး လွယ်ကူသွားပြီ မဟုတ်ပါလော။

သို့သော် ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်နိုင်သည့် အင်းစက္ကူသည် တစ်နာရီကြာအထိသာ အစွမ်းရှိလေရာ ထန်ထိုင်ကျင့်ကို တစ်ချိန်လုံး အေးခဲထားနိုင်မည်မဟုတ်။ အချိန်ပြည့်သွားပါက သူမနှင့် ရှောင်းလင်တို့နှစ်ယောက်လုံးအတွက် ပွဲပြီးချေလိမ့်မည်။

စူးစူးသည် သူ့ကိုယ်ပေါ်မှထ၍ 'ကျားချွင်း'ပိုင်သည့် ပစ္စည်းများကို ရှာဖွေကြည့်လိုက်သည်။ ထန်ထိုင်ကျင့်သည် မလှုပ်ရှားနိုင်သော်လည်း သူမအား စူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။

ထင်ထားသည့်အတိုင်း 'ကျားချွင်း'လို လူထံတွင် ဆိုးဝါးယုတ်ညံံ့သည့် အဆိပ်မျိုးစုံ ရှိလေသည်။ စူးစူးသည် အသက်သေစေနိုင်သည့် အဆိပ်မှုန့်တစ်ပုလင်းနှင့် စွမ်းအင်ဖြိုခွဲအဆိပ် တစ်ပုလင်းကို ယူလိုက်သည်။ ထို့နောက် ထန်ထိုင်ကျင့်၏ ပါးစပ်အား ဆွဲဖွင့်လိုက်ပြီး အဆိပ်များ လောင်းထည့်လိုက်၏။

"ဖြေဆေးကို ကျွန်မသိမ်းထားမယ်။ ရှင်ဘာစားလိုက်လဲဆိုတာ မြင်တယ်မလား။ အင်းစက္ကူကို ကျွန်မဖယ်လိုက်ရင် ကျွန်မတို့ကို အိပ်မက်နယ်မြေအပြင်ဘက် ခေါ်ထုတ်သွားပေး"

စူးစူးသည် နှာမှုတ်ရင်း ပြောလိုက်သည်။

"ရှင် ဉာဏ်နီဉာဏ်နက်မများတာ ကောင်းလိမ့်မယ်။ မသေချင်ရင် ရှင့်အတွက်လည်း အကျိုးမရှိဘဲ သူများတွေကို အန္တရာယ်ပေးတာ ရပ်လိုက်စမ်းပါ"

ထန်ထိုင်ကျင့် စကားတစ်ခွန်းမှ ပြန်ပြောမလာချေ။ စူးစူးသည် အင်းစက္ကူကို ဆွဲဖြဲလိုက်သည်။ ထန်ထိုင်ကျင့်၏ အိပ်မက်နယ်မြေကို သူမ မြင်တွေ့ထားလေရာ သူ့အသက်ကို သူအတော်လေး တန်ဖိုးထားကြောင်း သူမ သိသည်။ သူသည် ကလေးဘဝတည်းက ကြွက်တစ်ကောင်ကဲ့သို့ နေထိုင်ခဲ့ရသော်ငြား ကြိုးကြိုးစားစား အသက်ရှင်ခဲ့သေးရာ သေချာပေါက် အိပ်မက်နယ်မြေထဲတွင် သေချင်မည်မဟုတ်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now