အခန်း (၅၈) ပူလောင်ပြင်းပြ

3.4K 298 46
                                    

[Unicode]

(ဒုတိယပိုင်း)
"ကိုယ်တော် စဉ်းစားနေတယ်လေ!"

Translator : Malia
Proofreader : 叔叔的睫毛

သခင်မကြီးက နေရာတွင် ရှိ​နေ​သေးသည်ဖြစ်ရာ ကိုယ်လုပ်​တော်ယွင်လည်း ပြန်​​​​​ဖြေလိုက်ရသည်။

သူမမှာ အမှန်တကယ်ပင် နည်းလမ်းရှိခဲ့ပြီး မကြာမီ ယဲ့ပင်းချန်သည် ​​ယဲ့မိသားစုအိမ်​တော်တံခါးဝတွင် ပေါ်လာခဲ့၏။

တာ့ရှအရာရှိများနှင့်စစ်သည်များသည် ယဲ့မိသားစုကို အပြင်ထွက်ခွင့်မပြုဝံ့သော်လည်း ယဲ့ပင်းချန်ကိုမူ မည်သူမျှ မတားရဲကြပေ။

ယဲ့ပင်းချန်သည် တည့်တည့်မတ်မတ် ​လျှောက်လှမ်းလာပြီး သခင်မကြီးကို ဂါဝရပြုရန် ဒူးထောက်လိုက်သည်။

သူမ၏​ မေး​စေ့မှာ ချွန်မြသွယ်လျနေ၍ သိမ်​​မွေ့ပြီး အနည်းငယ် အားနည်း​နေပုံပေါ်​စေကာ ၎င်းကပင် သူမအား ဆွဲဆောင်မှု တိုးသွားစေသည်။

သခင်မကြီးက သူမအား ​အေးစက်စွာစိုက်ကြည့်​နေပြီး မျက်ဝန်းများထဲတွင်တော့ ​နွေး​ထွေးမှုအနည်းငယ်မျှပင် ရှိ​မ​နေ​​ချေ။

"ထွက်သွားကြ၊ ရှီးဝူနဲ့ပင်းချန်​ နေခဲ့"

ကိုယ်​လုပ်​​တော်ယွင်က သူမ၏ သမီးဖြစ်သူအား စိုးရိမ်တကြီးကြည့်လိုက်ရာ ယဲ့ပင်းချန်က ခေါင်းညိတ်ပြလိုက်သဖြင့် စတုတ္ထသခင်​လေးနှင့်အတူ ထွက်ခွာသွားသည်။

သခင်မကြီးက မျက်လုံးများ မှိတ်လိုက်၏။

"အကြီးဆုံးမိန်းက​လေး ၊ မင်း ဘယ်အချိန်ကတည်းက ဧကရာဇ်ထန်ထိုင်နဲ့ ပတ်သက်ခဲ့လဲဆိုတာ ဒီအဘွားကြီး မသိပါဘူး။  ဒီနှစ်​တွေ​နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်မိ​​တော့ ဒီအဘွားကြီး မင်းကို တစ်ခါမှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဖူးဘူး။ မင်းက လုပ်နိုင်စွမ်းရှိတဲ့သူပဲ။ အနာဂတ်မှာ မိသားစုထဲက မင်းရဲ့ မောင်ငယ်၊ ညီမငယ်တွေအတွက် မင်းဆီက​​နေ ဂရုစိုက်မှုရဖို့လည်း မ​မျှော်လင့်ပါဘူး။ ဒီအဘွားကြီး မင်းဆီက ​တောင်းဆိုချင်တာ တစ်ခုပဲရှိတယ်"

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now