အခန်း (၄၅) အဆုံးသတ်

4.1K 352 142
                                    

[Unicode]

(ဒုတိယပိုင်း)
"တချို့သူတွေက အချစ်ခံရဖို့ ထိုက်တန်တယ်
တကယ့်ကို ထိုက်တန်ပါတယ်"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page
Proofreader : 叔叔的睫毛

ထိုစဥ်အချိန်က မင်ယဲ့သည် စန်းကျို၏ အမုန်းတရားကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ပေ။

သူ၏ ပခုံးမှာ ဓားမြှောင်ဖြင့် ထိုးဖောက်ခံထားရသော်ငြား မြဲမြံခိုင်ခံ့သော တာအိုနှလုံးသားကြောင့် သူ့အား ပြင်းပြင်းထန်ထန် မနာကျင်စေခဲ့ပေ။ မသေမျိုးခန္ဓာကိုယ်မှာ အလွန်အစွမ်းထက်လှသဖြင့် လက်တစ်ချက်​ ဝှေ့ယမ်းလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်း ဓားမြှောင်ဒဏ်ရာက ပျောက်ပျက်သွားလေသည်။

သူက ခုံးကောင်မင်းသမီးလေး၏ မိစ္ဆာမျက်ဝန်းများကို ကြည့်ကာ အချိန်အကြာကြီး နှုတ်ဆိတ်နေခဲ့ပြီး ပြောလိုက်သည်။

"ကိုယ် မင်းကို ဘာတစ်ခုမှအဖြစ်ခံမှာ မဟုတ်ဘူး"

သူသည် လက်ချောင်းအား ဆန့်ထုတ်ကာ သူမ၏ မျက်ခုံးကြားနေရာသို့ ထိလိုက်၏။

ခုံးကောင်မင်းသမီးလေး၏ ဝေဝါးနေသော မျက်ဝန်းများသည် တဖြည်းဖြည်း ရှင်းလင်းကြည်လင်လာ၏။ မင်ယဲ့သည် နဂိုက သူမ၏ စိတ်ခံစားချက်များ ပြန်ပြီး ငြိမ်သက်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား သူ့အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် ထိုအခိုက်အတန့်၌ပင် သူမ၏ မျက်ဝန်းများတွင် အရိုးအထိ နက်ရှိုင်းလှသော အမုန်းတရားများက နေရာယူလာ၏။

သူမက သူ့လက်အား ဖယ်ချလိုက်ပြီး လေသံကမူ နူးညံ့သော်ငြား အေးစက်နေခဲ့သည်။

"ရှင်ကိုး"

မြင့်မားသော တစ်နေရာ၌သာ တသီးတခြား တည်ရှိနေခဲ့သော မင်ယဲ့ကျန်းကျွင်းမှာ အကူအညီမဲ့သွားသလို ခံစားလိုက်ရပြီး လက်ဖျားကလေးများမှာ တုန်လှုပ်သွားရ၏။ သူသည် ယခင်က သုခဘုံရှိ မျိုးဆက်သစ်ကျင့်ကြံသူများအား သင်ကြားပြသပေးနေစဥ်ကနှင့် တူညီစွာ ပြောလိုက်သည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now