အခန်း (၆၅) ဘွဲ့ထူး နှင်းအပ်

3.5K 274 85
                                    

[Unicode]

"သူမ၏ စော်ကား ဆဲဆိုမှုတို့ကို နားထောင်ရင်း"

Translators : 叔叔的睫毛 + Precious 66

ယဲ့ပင်းချန်သည် အိပ်ယာထက်တွင် အားနည်းစွာ လဲလျောင်းနေခဲ့၏။

ကျိုးပြည်ထောင်​၏ ဆောင်းတွင်းသည် တာ့ရှ၏ ဆောင်းတွင်းထက် ပို၍ နွေးထွေးသော်လည်း သူမမျက်နှာတွင် သွေးရောင်တစ်စမျှ ရှိမနေပေ။

ရှောင်ဟွေးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာသည်။

"သခင်မလေး၊ အဲဒီအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတဲ့ လူတွေရဲ့ စကားကို နားမယောင်ပါနဲ့။ သခင်မလေးက အရှင်မင်းကြီးရဲ့ နန်းတော်မှာ ရှိတဲ့ တစ်ဦးတည်းသောသူပဲဟာ။ သခင်မလေးကို မကြိုက်ရင် တခြားဘယ်သူ့ကို ကြိုက်နိုင်မှာမို့လို့လဲ။ သခင်မလေးက တိုင်းပြည်ကောင်းကျိုးအတွက် ကျိုးပြည်ထောင်ဆီ လာခဲ့ရတယ်။ သူတို့တွေက ဘာကိုမှမသိဘဲနဲ့။ အရှင်မင်းကြီးသာ ပြန်ကြားသွားရင် သူတို့ပါးစပ်တွေကို ပိတ်ပစ်မှာ ကြည့်နေ!"

ယဲ့ပင်းချန်သည် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ရပြီး ပြောလာ၏။

"ရှောင်ဟွေး၊ ငါ အဆင်ပြေပါတယ်။ ညဉ့်နက်နေပြီ။ အိပ်တော့လေ။ အရှင်မင်းကြီးက လာတော့မှာ မဟုတ်ဘူး"

ရှောင်ဟွေးက တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်သော်လည်း နန်းဆောင်အပြင်ဘက်ရှိ မီးအိမ်များက တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့သည်။

"သခင်မလေး .. အရှင်မင်းကြီး ရောက်လာတယ်!"

ရှောင်ဟွေးက အံ့ဩတကြီးနှင့် ပြောလိုက်၏။

ယဲ့ပင်းချန်ပင်လျှင် အံ့ဩသွားပြီး မော့ကြည့်လိုက်ရာ နန်းဆောင်အတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်လာနေခဲ့သော ဝတ်ရုံနက်နှင့် လူငယ်လေးကို မြင်လိုက်ရသည်။

"အရှင်မင်းကြီးက သခင်မလေးကို ဂရုစိုက်ပါတယ်"

ရှောင်ဟွေးက ခပ်တိုးတိုး ပြောလာ၏။

နှစ်ပြည်ထောင်ကြား စစ်ပြေငြိမ်းပြီးသည့်နောက် ထန်ထိုင်ကျင့်သည် ဘာကိုမှ မတောင်းဆိုပဲ တာ့ရှအင်ပါယာတစ်ခုလုံးအစား ယဲ့ပင်းချန်ကိုသာ တောင်းဆိုခဲ့သည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now