အခန်း (၆၇) ဧကရီဘွဲ့

1.3K 171 18
                                    

[Unicode]

"မင်း ကိုယ်တော့်ကို ဆွဲဆောင်နေတာ"

Translator : Precious 66 Luo Yunxi 罗云熙 Leo Myanmar Fan Page
Proofreader : 叔叔的睫毛

ဖယောင်းတိုင်မီးက တဖျပ်ဖျပ် တောက်ပနေပြီး တဖျစ်ဖျစ် မြည်နေခဲ့သည်။ အနက်ရောင်ဝတ်လူငယ်လေးသည် သူ့မျက်လုံးများကို ဖွင့်လိုက်၏။

မိန်းကလေးငယ်၏ တောက်ပသော မျက်ဝန်းများက မှိတ်ထားလျက် ရှိပြီး သူမ၏ မျက်တောင်ရှည်များက နွေးထွေးသော အလင်းရောင်အောက်တွင် မှိန်ဖျော့ဖျော့ အရိပ်ထင်ဟပ်လျက် ရှိသည်။ သိသိသာသာကြီးပင် ပန်းပွင့်သည့်ရာသီ မဟုတ်သေးသော်ငြား လေထုသည်ကား ထနောင်းပန်း၏ မွှေးရနံ့တို့ဖြင့် ထုံးမွှမ်းထားလေသကဲ့သို့ ရှိ၏။

ရုတ်တရက် ထန်ထိုင်ကျင့်သည် ကျိန့်အဆိပ်*အား ထိတွေ့မိပြီး အိပ်ရာမှ လန့်နိုးလာသလို ဖြစ်သွားလေသည်။

[ *ကျိန့်အဆိပ် - မန်ချူးဘုရင် ချင်မင်းဆက်လက်ထက် လူမဆန်ရက်စက်ပြင်းထန်သည့် ငြှင်းပန်းနှိပ်စက်မှု ဆယ်မျိုးထဲမှ တစ်ခု၊ ယေဘုယျအားဖြင့် ကျိန့်ငှက်၏ အဆိပ်ပါသော တောင်ပံအား စိမ်ထားသည့် အဆိပ်သေရည်။]

သူက စူးစူးအား အဝေးသို့ လျင်မြန်စွာ တွန်းထုတ်ပစ်လိုက်သည်။ သူမက ပခုံးများကို ပွတ်သပ်လျက် မော့ကြည့်လာ၏။

ထန်ထိုင်ကျင့်၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။ သူ လုပ်လိုက်မိသည်ကို သတိထားမိသွားသော်ငြား ယခုအချိန်တွင်မူ ထိုလုပ်ရပ်အား ဖုံးကွယ်ငြင်းဆန်ရန် အခွင့်အရေး မရှိတော့ပေ။

စူးစူးက စကားမပြောဘဲ သူ့အား ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်ခဏ၌ သူမသည် ထန်ထိုင်ကျင့်က မိမိကိုယ်တိုင်အတွက် မည်သို့ ဆင်ခြေပေးလာမည်ကို အတော်လေး စောင့်မျှော်နေခဲ့၏။ သူသည် စိတ်ခံစားမှုမရှိဘဲ မွေးဖွားလာသူ ဖြစ်လေရာ ခုနလေးတင် ခံစားလိုက်ရသည့် စိတ်အားထက်သန်မှုများကို သူကိုယ်တိုင်ကပင် မသိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

Black Moonlight Holds the BE Script || ဘာသာပြန်Waar verhalen tot leven komen. Ontdek het nu