အခန်း (၄၃) နတ်သမီးလေးပါ

3.6K 319 95
                                    

[Unicode]

(ဒုတိယပိုင်း)
"မင်ယဲ့ .. ဘယ်သူ့ကိုပဲ ချစ်မိသွားသည်ဖြစ်စေ ရှင့်ကို ချစ်မိတာထက်တော့ ပိုကောင်းတယ်မဟုတ်လား"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page
Proofreader : 叔叔的睫毛

မင်ယဲ့သည် စန်းကျိုအား ပွေ့ဖက်ထားရင်း အမှောင်ထုထဲတွင် ရပ်နေမိသည်။

သူသည် ရုတ်တရက် သူမအား ပွေ့ချီ၍ နေရောင်အောက်သို့ မသွားဝံ့တော့ပေ။ ယခုအချိန်၌ သူသည် သူမ၏ မျက်ဝန်းအကြည့်များအား မမြင်ချင်ပါချေ။

နောက်ဆုံးတွင်တော့ မင်ယဲ့သည် အကျဥ်းထောင်အတွင်းမှ တစ်ယောက်တည်းသာ ထွက်လာခဲ့ရ၏။ စန်းကျိုသည် လုံးဝတောင်းပန်လိမ့်မည် မဟုတ်ကြောင်း သူ နားလည်ပါသည်။

ဖြူ​ဖျော့နေသော သူ၏ မျက်နှာအားမြင်လျှင် ကျင့်ကြံသူအစေခံက သူ့အား စိုးရိမ်စွာဖြင့် ကြည့်လာပြီးနောက် ပြောလာ၏။

"ကျန်းကျွင်း .. သူတော်စင်ထျန်းဟွမ်း ငိုနေတယ်"

မင်ယဲ့က ပြန်ပြောလိုက်သည်။

"ငါ သိပြီ"

သူသည် ထျန်းဟောက်၏ နန်းဆောင်ဆီသို့ ထွက်လာခဲ့၏။

အနီးအနားဆီသို့ပင် မရောက်သေးသော်ငြား နာကျင်စွာဖြင့် ငိုနေသည့် အသံကို ကြားလိုက်ရသည်။

နတ်ဘုရားများတွင် နတ်အမြုတေရှိသကဲ့သို့ ကျင့်ကြံသူများတွင် ဝိညာဥ်အမြုတေရှိ၏။ မကောင်းဆိုးဝါး မိစ္ဆာများတွင်လည်း မိစ္ဆာရင်းမြစ်ဟူ၍ ရှိကြသည်။

ဝိညာဥ်အမြုတေ ပျက်စီးခြင်း၏ နာကျင်မှုမှာ အရိုးများအား ထုတ်ဖယ်ခံရသည့် နာကျင်မှုထက် မလျော့ပါးချေ။ ထျန်းဟွမ်း အသက်ပြန်ရှင်လာခဲ့သည့်နောက် ထျန်းဟောက်သည် နာကျင်မှုကို လျော့ပါးစေသည့် ဆေးများကို သုံး၍ ကုသနေသည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီဖြစ်သော်ငြား ထျန်းဟွမ်း၏ နာကျင်မှုကို မကုစားနိုင်ပေ။

သူမသည် နိုးလာသည်နှင့် တစ်ပြိုင်နက် နာကျင်စွာ ငိုကြွေးရမြဲသာ။

Black Moonlight Holds the BE Script || ဘာသာပြန်Donde viven las historias. Descúbrelo ahora