အခန်း (၁၄) မိစ္ဆာအရိုး

3.3K 347 12
                                    

[Unicode]

"မနိုးထသေးရုံမက
တိုက်ရည်ခိုက်ရည်ကလည်း မရှိ"

Translator : အူးလေးလော်ကို ငါတို့ချစ်တာ
ဘုရားသိတယ်

"ရှင် ဘာလုပ်​နေတာလဲ"

စူးစူး၏ အသံတို့ ယိုင်နဲ့​တုန်ရီနေသည်ကို သူမကိုယ်တိုင်ပင် ပြန်ကြားနေရသည်။

စင်္ကြံ​လျှောက်လမ်း​တွင် ရှိ​နေ​ပါသော လူငယ်လေးသည် နှုတ်ခမ်းဖျားတို့ကို ​အေးစက်စွာ ခပ်မဲ့မဲ့ တွန့်​ကွေးလိုက်သည်။

"မင်း တစ်ခုခု မမြင်လိုက်ဘူးလား"

သူ ပြုံး​နေ​သော်လည်း ​လေသံမှာ ထိုသို့​သော မြူးရိပ်​ယောင် စိုးစဥ်းမျှ မပါဝင်ခဲ့။ သို့နှယ် သူသည် စူးစူးထံသို့ ​အေးတိ​အေးစက်နှင့် ချင့်ချိန်သတိထား​နေရသည့်နှယ် အကြည့်များနှင့်ပင် ​ငေးကြည့်လိုက်​သေး၏။ စူးစူး မည်မျှ မြင်လိုက်သည်ကို စဥ်းစားချင့်ချိန်​နေပုံပင်။

စူးစူးသည် အားလုံးကို ​တွေ့မြင်လိုက်ရသည့်အ​လျောက် ယခု သူမ၏ စိတ်အ​စဥ်သည် တုန်လှုပ်​ချောက်ချားလျက် ရှုပ်ယှက်ခတ်​နေ​တော့သည်။

မီးအိမ်ကို ကိုင်ဆွဲထား​သော သူမ၏ လက်တို့သည် ခပ်မဆိတ် တုန်ရီ​နေသည်။ ​မနက်ကတင် ယဲ့ကျဲယွင်သည် ​ပေါ့​ပေါ့တန်တန် အပြစ်တစ်ခုကိုသာ လက်ခံဒဏ်သင့်ခဲ့ရသည်။ ထို့အတွက် စူးစူးအံ့ဩသွားသည့်တိုင် ဘာတစ်ခုကိုမှ သူမ ဝင်မ​ပြောခဲ့​ချေ။

အဆုံးမှာ​တော့ သခင်မကြီးဟာ မူလကိုယ်ပိုင်ရှင်ကို ယခင်က ကာကွယ်​ပေးခဲ့ဖူးသကဲ့သို့ ယဲ့ကျဲယွင်ကိုလည်း ကာကွယ်​ပေးရန် ​ရွေးချယ်လိုက်သည်ပင်။ သခင်မကြီးအတွက်​တော့ သူတို့အားလုံးဟာ သူမ၏ သွေးသားများဖြစ်ကြပြီး ထန်ထိုင်ကျင့်မှာတော့ အပြင်လူသက်သက်သာ ဖြစ်သည်မို့ သူမ၏ ဘက်လိုက်မှုသည် နားလည်နိုင်ဖွယ်ရာ​ ရှိပါသည်။

လူသား​​တွေဟာ ပုထုဇဥ်​တွေမို့ လူတိုင်းက​တော့ သူ​တော်စင် မဖြစ်နိုင်ပါ။ စူးစူးသည် သူမကိုယ်သူမ အရိုးခံအတိုင်း အရင်းစစ် အ​မေးထုတ်ကြည့်သည်။ သူမ၏ စိတ်နှလုံးအတွင်း၌​​​တောင် ဖခင်နှင့် ဂို​ဏ်းသူဂိုဏ်းသားများက အခြားတစ်ပါး​သောလူများထက် သာ၍​​လေးနက် အ​ရေးပါသည်သာ။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now