အခန်း (၃၄) သံယောဇဉ်နှောင်ကြိုး

3.2K 307 28
                                    

[Unicode]

"သူ့ .. သူ့နှလုံးသားကို ဖွင့်ရမယ်?"

Translator : Precious 66 : Luo Yunxi 罗云熙 Leo Myanmar Fan Page

ဖြန့်ရန်၏ အရိပ်အယောင်အား နောက်ထပ် မတွေ့မြင်နိုင်တော့သည့်နောက် စူးစူး အက်ကွဲကြောင်းထဲသို့ ဝင်လာခဲ့သည်။

အရာအားလုံး ရုတ်တရက် ပတ်ချာလည်သွားခဲ့ပြီး ကောင်းကင်ပေါ်မှ ပြုတ်မကျမီအထိ သူမတွင် တုံ့ပြန်ချိန် မရှိခဲ့ပေ။ မည်မျှကြာပြီးသည်မသိသော နောက်တွင် စူးစူးသည် မြေပြင်ထက်သို့ ဘုန်းခနဲနေအောင် ပြုတ်ကျသွားပြီး နာကျင်မှုကြောင့် ညည်းညူသံပင် ထွက်မိသွားသည်။

သူမသည် နာကျင်စွာဖြင့် မြေပေါ်မှ ထလိုက်ပြီး ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ပါချေ။ ထိုမြေခွေးမိစ္ဆာတွင် အမှန်တကယ်ကိုပင် နောက်ဆုံးလှည့်ကွက်တစ်ခု ကျန်နေသေး၏။ သူမတို့၏ အငြိုးအတေးများကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပျက်သုဉ်းခြင်းချောက်နက်ထဲသို့ ဝင်ရောက်ချိန်တွင် ဤသို့ အကျနာလိမ့်မည်ဟု သူမအား တမင်ရည်ရွယ်ကာ ပြောမပြခဲ့ပုံပေါ်လေသည်။

သူမ ရောက်ရှိနေသော နေရာသည် သုသာန်တစ်ခုနှင့် တူ၏။ ပြာမှုန်နှင့်တူသော အရာများကလည်း လေထဲတွင် လွင့်မျောနေကြသည်။ အပြာရောင်လမင်းတောင်မှ ကောင်းကင်တွင် ရှိနေ၏။ စူးစူးသည် ၎င်းအား အံ့ဩစွာ မော့ကြည့်မိလျှင် ကုံးယွိက ပြောလာသည်။

"အဲဒါက မိစ္ဆာလ။ ပျက်သုဉ်းခြင်းချောက်နက်ထဲမှာပဲ ရှိတာ"

"နင် ဘယ်လိုဖြစ်လို့ နိုးလာတာလဲ"

စူးစူးက မေးလိုက်၏။

"မင်းတစ်ယောက်တည်း လိပ်နတ်ဘုရားကို သွားရှာတော့မှာမို့ စိုးရိမ်လို့လေ။ လေထဲမှာ မျောနေတဲ့ ပြာမှုန်တွေကို မထိမိစေနဲ့။ အဲဒါတွေက မသန့်စင်တဲ့ ချီစွမ်းအင်တွေကနေ ဖြစ်လာတာ။ မင်းက အခုလက်ရှိ သေမျိုးခန္ဓာကိုယ်နဲ့ဆိုတော့ အဲဒါတွေနဲ့ များများထိတွေ့မိရင် ဘဝသက်တမ်း တိုသွားလိမ့်မယ်"

ကုံးယွိက ပြန်ဖြေသည်။

ထိုသို့ ပြောပြီးသည့်နောက်တွင်မှ ကုံးယွိသည် စူးစူး၏ ခန္ဓာကိုယ်ထဲ၌ ခရမ်းရောင်ချင်းရှစ်ပန်း ရှိနှင့်နေပြီးကြောင်း အမှတ်ရသွားသည်။ ထိုစကားတို့က အသုံးမဝင်တော့ပါချေ။ စူးစူးအတွက်တော့ ဤဘဝ၏ ကံကြမ္မာသည် စီရင်ပြီးသား ဖြစ်ပြီး မည်သို့မည်ပုံ သေဆုံးရမည် ဆိုသည်ကိုသာ မသိရသေးခြင်း ဖြစ်သည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now