အခန်း (၆၉) မျက်နှာလွှားဇာပဝါ

919 120 18
                                    


"သူ့နားရွက်လေးတွေ နီရဲလျက်"

Translator : 叔叔的睫毛

ပန်းပွဲတော်ပြီးဆုံးသွားသည်နှင့် ဆက်တိုက်ဆိုသလို အရှင်မင်းကြီး၏ တရားဝင် နန်းတက်ပွဲအခမ်းအနား ကျင်းပတော့မည်ဖြစ်ကြောင်း သတင်းက ကျိုးပြည်ထောင်တလွှား ပျံ့နှံ့သွား၏။

ကျိုးပြည်ထောင်ရှိ တချို့လူများက သူ့အား အသိအမှတ်မပြုကြပေ။

ထန်ထိုင်မင်းလန် နန်းတက်ခဲ့စဉ်က တရားဝင် အမိန့်စာဖြင့် ဖြစ်သော်လည်း ယခုထန်ထိုင်ကျင့်ကမူ အစ်ကိုဖြစ်သူကို သတ်ကာ မရေမတွက်နိုင်သော သွေးချောင်းစီးမှုတို့ကို ယူဆောင်လာခဲ့သဖြင့် ပြည်သူများအကြား ရက်စက်ကြမ်းကြုတ်သော အာဏာရှင်ဟူ၍ မကောင်းသတင်းနှင့် ကျော်ကြားနေသည်။

သူဟာ စစ်ပွဲများကို နှစ်ခြိုက်ပြီး သတ်ဖြတ်ရသည်ကိုလည်း စွဲလမ်းနေသူ။

သိပ်မကြာခင်အချိန်လေးအတွင်းမှာတင် မင်းသား ၈ ကို ရှာဖွေရန်အတွက် တစ်အိမ်ဆင်းတစ်အိမ်တက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြို့တော်တစ်ခုလုံး ဗြောင်းဆန်သွားသေးသည်။

သို့သော် သူ့အား ထောက်ခံအားပေးသူများလည်း ရှိတော့ရှိသေး၏။

မည်သို့ပင်ဆိုစေ ထန်ထိုသ်ကျင့်ကြောင့်သာလျှင် တာ့ရှအင်ပါယာက ကျိုးပြည်ထောင်၏ လက်အောက်ခံဖြစ်လာခဲ့ခြင်းမို့။ ကျိုးပြည်ထောင်ရှိလူများ၏ ကျဆင်းနေသော ဂုဏ်သရေသည်လည်း ယခုမူ ပြန်လည်ဦးမော့နိုင်ခဲ့ပြီပင်။

ထန်ထိုင်ကျင့်သည် ထီးနန်းရပြီးချိန်ကတည်းက ယခုထိ နန်းတက်ပွဲအခမ်းအနားအား နောက်ပို့ထားခဲ့ခြင်းဖြစ်ရာ ယခုအခါမှ ရုတ်တရက် ကျင်းပလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့ကြ။

အပြင်လောကနှင့်မတူညီစွာ နန်းတော်ထဲတွင်တော့ ကောလာဟလတစ်ခု ပျံ့နှံ့လျက်ရှိ၏။

နန်းတက်ပွဲအခမ်းအနားကျင်းပရာနေ့၌ အရှင်မင်းကြီးသည် ဧကရီကိုပါ တစ်ပါတည်း တင်မြှောက်မည်ဟူ၍ပင်။

ချန်းချန်နန်းဆောင်သို့ မရေမတွက်နိုင်သော ပိုးသားထည်များ ပို့ဆောင်ခံရသည့်အခါမှသာ ထိုသတင်းက ကောလာဟလမျှ မဟုတ်ဘဲ အမှန်ဖြစ်ကြောင်း ပေါ်ထွက်လာသည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now