Book & Unpublish warning 🚨

18.5K 577 59
                                    

Hello အရင်ဆုံးပြောချင်တာကတော့ အဆုံးထိလိုက်ပါဖတ်ရှူပေးခဲ့ကြတဲ့သူတွေ votesတွေcommentsတွေအမြဲပေးခဲ့ကြတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။

Matching Guys လေးကိုဖတ်လည်းဖတ်ပေးကြသလိုစာအုပ်အဖြစ်လာကမ်းကြတဲ့တိုက်တွေလည်းအများကြီးရှိပါတယ်။ ပြီးခါနီးမှာတော့ ခွန်းအဆင်ပြေမဲ့တိုက်လေးကိုရွေးချယ်လိုက်ပါပြီ။ ဘာလို့ဆို
စ၀်ခွန်သာမှိုင်းရဲ့  မွေးလ ဖြစ်တဲ့ ၁လပိုင်းမှာ စာအုပ်လေးကိုထွက်စေချင်လို့ပါ။ သိတဲ့အတိုင်း စာအုပ်ကထူကိုထူမှာပါ။ အဲအတွက် စာအုပ်လေးထွက်လာရင် စျေးကတော့မပေါ့လောက်ဘူးရယ်။ ခွန်းသူများတွေထုတ်ထားတဲ့ စာအုပ်ထူတွေလိုက်စုံစမ်းကြည့်တော့ ၂သောင်းနီးပါးတွေတွေ့ပါတယ်။ ခွန်းစာအုပ်ကပိုထူနိုင်ပေမဲ့ အတက်နိုင်ဆုံးတော့ စာမူစစ်မဲ့အစ်မကို ကြည့်ကောင်းအောင်ချံု့ခိုင်းကြည့်လိုက်မယ်။ စျေးကို ၂သောင်းပတ်၀န်းကျင်ပဲရအောင်ပါ။ ပုံနှိပ်စျေးတွေအဆမတန်ထပ်မတက်လာပါစေနဲ့တော့ ဆုတောင်းရမယ်ရယ်။ အခုရွေးထားတဲ့တိုက်ကလည်း အမြဲစျေးကိုချိုသာအောင်လုပ်ပေးတဲ့Green Cloud တိုက်လေးပါ။
ခွန်းဆိုလည်း မာဖီးယားစာအုပ်တုန်းကတက်နိုင်သလောက် သူများစာအုပ်တွေထက် စျေးလျော့အောင်လုပ်ပြီး
နည်းနည်းပိုရင်တောင် ရှင်လေးတို့ကိုပဲလက်ဆောင်တွေပြန်ထည့်ပေးတာ
၀ယ်တဲ့သူတွေသိမှာပါ။
ပြီးတော့ စာအုပ်ကိုကြိုပုံနှိပ်မှာဖြစ်တဲ့အတွက် orderကောက်ပြီး တန်းရနိုင်လောက်မှာပါခ။

အဲလိုကြိုပုံနှိပ်ထားဖို့အတွက် ခွန်းဒီလမှာစာမူစစ်ပြီး နောက်ထပ်စာမူထပ်စစ်ပေးမဲ့လူဆီပေးရပါမယ်။ အဲဒါကြောင့် ဒီလ ၂၁ရက်နေ့ကြရင် ဒီTMGလေးကိုစUNပါမယ်ခ။ စာစစ်ပြီးပြန်တင်ပေးမှာမို့စိတ်မပူပါနဲ့နော်။
စာအုပ်အတွက် အကြံပေးချင်တာတွေရှိရင်ခွန်းကိုလာပြောလို့ရပါတယ်။
Artတွေအတွက်ကတော့စိတ်မပူနဲ့ ခွန်းအရင်ထုတ်ဖူးတဲ့စာအုပ်တွေမှာဆို
ဘယ်လောက်မိုက်အောင် ခွန်းကြိုးစားလည်းသိကြတယ်ဟုတ်😻။
ပြီးတော့ ၁လပိုင်းလို့ခွန်းပြောထားပေမဲ့ နိုင်ငံရေးအခြေအနေမကောင်းရင်တော့ နောက်ဆုတ်ဖြစ်မယ်ရယ်။ ကြိုပြောပြထားရတာက မုန့်ဖိုးစုမဲ့လူတွေစုချိန်ရအောင်ပါ။

The Matching Guys (Top)Where stories live. Discover now