အပိုင်း ၃၃ ( အကြင်နာတရားမရှိသောမိခင်)

21.4K 1.7K 137
                                    

Uni,

The Matching Guys(Part 33)

ဧကရာဇ်နဲ့ သူ့မိခင်ပြောနေကြသည့်စကားများနှင့်အဖြစ်အပျက်အလုံးစုံကို
ခွန်သာမှိုင်းမိခင်ကအကုန်ကြားသိသွားတာကြောင့် နောက်ရက်တွင် ရွှေငွေလက်၀တ်လက်စားများယူပြီး ထွက်ပြေးခဲ့လေသည်။

ထိုကဲ့သို့သောစိတ္တဇအရူးကောင်နှင့်အတူမနေချင်ပေ။ တစ်ကောင်ကြွက်ဘ၀ကနေ ယခုမှစ၍သာယာလာပြီဟုထင်ထားသော်လည်း သူ့ယောက်ျားဆိုသူကလူသတ်သမားအရူးဖြစ်နေသည်။
ဘယ်အချိန်သတ်ခံရမလဲမသိသည့် ဘ၀မျိုးတွင်မနေချင်။ ထို့ကြောင့် ထွက်ပြေးခဲ့သော်လည်း ဗိုက်ထဲတွင် ဧကရာဇ်နှင့်ရသည့်ကိုယ်၀န်ကပါလာလေသည်။ စိတ်ညစ်လွန်း၍သူပင်ရူးချင်သွားရသည်။ psycho ကောင်နှင့်ရသည့်ကလေးကလည်း psycho ကောင်ပင်ဖြစ်လိမ့်မည်ဟုထင်မိတာကြောင့် မလိုချင်သော်လည်း မတက်သာစွာဖြင့် မွေးခဲ့ရသည်။
ဧကရာဇ်တို့ဆီပြန်သွားလျှင်လည်း ကျိန်းသေပေါက်တစ်ခုခုဖြစ်မှာသိ၍ လုံး၀ပြန်မသွားရဲခဲ့ပေ။

စဝ်ခွန်သာမှိုင်းသည် ေမွးစကနေ ၆နှစ်သားအရွယ်အထိ အင်းလေးတွင်နေထိုင်ခဲ့ရပြီး ၆ နှစ်မှ ၁၁နှစ်သားအရွယ်လောက်ထိ မန္တလေးမြို့တွင် နေထိုင်ခဲ့ရပြန်သည်။ ထိုမှတစ်ဆင့် ရန်ကုန်သို့ပြောင်းရွေ့ပြီးမကြာခင် ခွန်သာမှိုင်းမိခင် အသတ်ခံလိုက်ရပြီး ခွန်းသန့်နောင်တို့အဒေါ်လင်မယားက ခွန်သာမှိုင်းကိုမွေးစားခဲ့တာဖြစ်သည်။

ခွန်သာမှိုင်းမှာ မွေးစကကျန်းမာရေးမကောင်းခဲ့ပေ။ သူ့မိခင်က ကလေးနဲ့ပတ်သတ်၍ မည့်သည့်ဂရုစိုက်မှုမျိုးမှမရှိ၍ဖြစ်သည်။ psycho တစ်ယောက်နဲ့ရထားသည့်ကလေးဖြစ်သည့်အပြင်
သူသည်လည်း ၁၉ ၂၀အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် မိခင်စိတ်မျိုးဆိုတာပင်မရှိခဲ့ချေ။

ခွန်သာမှိုင်းမွေးဖွားစဥ် လုံး၀မငိုတာကြောင့် ဆရာ၀န်များကအသက်ကယ်ရင်း မနည်းငိုအောင်လုပ်ခဲ့ရသေးသည်။
မွေးဖွားပြီးချင်းမငိုသည့်ကလေးမှာ အသက်အန္တရာယ်များလှပေသည်။

ခွန်သာမှိုင်းမှာ ကြီးပြင်းလာသော်လည်း ခန္ဓာကိုယ်မှာ သူ့အရွယ်နဲ့မလိုက်အောင် သေးကွေးသည့်အပြင်
စကားလည်းသိပ်မပြောပေ။ အကြောင်းကား သူငယ်ချင်းမဖွဲ့တက်သည့်အပြင် သူ့မိခင်ကလည်း သူနဲ့စကားများများစားစားပြောပေးလေ့မရှိ။ငယ်ရွယ်စဥ်ကတည်းကနို့ဘူးပဲတိုက်သည့်အပြင် အချိန်ပိုင်းကလေးထိန်းသာခေါ်ထိန်းခိုင်း၍ အပြင်ထွက်နေသည်ကများပြီး ပျော်ပါးသုံးဖြုန်းနေတက်သည်။

The Matching Guys (Top)Where stories live. Discover now