အပိုင်း ၂၄ (ဆက်ဆံရေးတစ်ခု တရား၀င်စတင်ခြင်း)

22.6K 1.7K 51
                                    

Uni,

The Matching Guys(Part 24)

  ထက်ဝေဦး ဖုန်းဆက်ရန်ပြင်နေတုန်း ခြံရံလင်းက ဖုန်းခေါ်လာလေသည်။

"   Hello"

" ဟူး ဖုန်းကိုင်မှကိုင်ပါ့မလားလို့ဗျာ"

" ငါလည်းအခုမင်းကိုဖုန်းဆက်တော့မလို့ပဲ"

"ကျွန်တော် ဒေါက်တာ့အိမ်ရှေ့မှာ"
ခြံရံလင်းကပြောလာတာကြောင့် ထက်ဝေဦးကြောင်သွားသည်။

" ဘာ..ငါ့အိမ်ဘာလို့လိုက်လာတာလဲ"

" ဒေါက်တာက ဖုန်းကိုင် မကိုင်မှမသေချာတာ အဲ့တော့ကိုယ်တိုင်ပဲလာရတော့တာပေါ့။
တံခါးဖွင့်ပေးပါ"

ထက်ဝေဦး ခြံရံလင်းကိုအိမ်ထဲမဝင်စေချင်ပေမဲ့ စကားပြောစရာတွေရှိတာကြောင့် ဝင်ခွင့်ပေးလိုက်ရသည်။

ခြံရံလင်းက အိမ်ထဲဝင်လာပြီး ဧည့်ခန်းကထိုင်ခုံတွင်ခပ်တည်တည်ပင်၀င်ထိုင်ကာ
" ဒေါက်တာတစ်ယောက်ထဲ နေတာမလား။ မဆိုးပါဘူး သိပ်မကျယ်ပေမဲ့ သပ်သပ်ရပ်ရပ်လေး"

" နေစမ်းပါအုံး။ မင်းငါ့အိမ်ကိုဘယ်လိုသိသွားတာလဲ"

" ဒီခေတ်ကြီးမှာ အိမ်ရှာတာကလွယ်လွယ်လေးပါ"

ထက်ဝေဦး လည်းခြံရံလင်းနဲ့မျက်နှာချင်းဆိုင်တွင်၀င်ထိုင်လိုက်သည်။
" နောက်တစ်ခါငါ့အိမ်ကိုထပ်မလာနဲ့"

ခြံရံလင်း မျက်ခုံးနှစ်ဖက်ကို မြင့်လိုက်ကာ
" အဲ့ဒါဆို ဒေါက်တာကျွန်တော့်အိမ်လာမှာလား"ဟုမေးသည်။

" ငါမင်းပြောထားတဲ့ကိစ္စသေချာစဥ်းစားပြီးပြီ။ လက်ခံတယ် ဒါပေမဲ့ ငါလိုချင်တဲ့အချက်တွေရှိတယ်"

ခြံရံလင်း သူလိုချင်တာရတော့မည်မို့ ပျော်ရွှင်ကာ တက်ကြွသွားသည်။
" ဘာများလဲ ကြိုက်တာပြော"

" မင်းသိတဲ့အတိုင်း ငါကဆရာ၀န် ပိတ်ရက်က စနေ၊ တနင်္ဂနွေပဲယူထားတာ။ကြားရက်တွေအလုပ်ရှိတော့မအားဘူး။ အဲ့တော့ မင်းနဲ့ အဲ့၂ရက်ပဲတွေ့နိုင်မယ်"

ခြံရံလင်း မျက်မှောင်ကြုတ်လိုက်ကာ
" ၂ရက်? အရမ်းနည်း..."

" နေအုံး ငါပြောတာတွေခဏအရင်နားထောင်"
ခြံရံလင်း၀င်ပြောနေလျှင် သူပြောချင်တာအကုန်မပြောရမည်ဆိုး၍
ထက်ဝေဦးတားလိုက်ရသည်။

The Matching Guys (Top)Where stories live. Discover now