အပိုင်း ၃၉ ( လိုက်ဖက်ညီသော အတွဲ )

21K 2K 125
                                    

Uni,

The Matching Guys (Part 39)

ခွန်းသန့်နောင်တစ်ယောက် အပျော်လွန်ပြီး ညအိပ်မပျော်သေးသလို
ခွန်သာမှိုင်းလည်းမအိပ်ဖြစ်သေးပေ။

ခွန်းသန့်နောင် ကုတင်ပေါ်လှဲကာ နဖူးပေါ်လက်တင်ရင်း
" နေအုံး ငါတို့တရား၀င်စတွဲတာက ဒီနေ့လား မနေ့ညကလို့ပြောရမှာလား။ အား မဟုတ်သေးပါဘူး မနေ့ညက အိပ်မိတာကလွဲရင်ကိုကိုကဘာမှ မှမပြောတာ။ ဒီနေ့မှ သူကလက်ခံတာဆိုတော့ ဒီနေ့ကပထမဆုံးရက်ပဲ နောက်ဆုံးတော့ ကိုကိုငါ့လက်ထဲရောက်လာပြီကွ"
ဆိုပြီးပျော်ရွှင်စွာဟစ်ကြွေးလေသည်။

နောက်တော့ စောင်ကိုဆွဲဖယ်ကာ ကုတင်ပေါ်ကထလိုက်ပြီး အပြင်ထွက်ကာခွန်သာမှိုင်းတံခါးကိုသွားခေါက်တော့သည်။
အတော်တန်ကြာခေါက်ပြီးမှ ခွန်သာမှိုင်းက တံခါးဖွင့်လာကာ
မကြည်သာလှသည့်အသံဖြင့်

" မဖွင့်ရင် ဆက်မခေါက်နဲ့တော့လေ"

ခွန်းသန့်နောင်က မျက်ခုံးမြင့်လိုက်ပြီး အောင်နိုင်သူလေသံဖြင့်ပြောသည်။
" နောက်ဆုံးတော့ ကိုကိုတံခါးဖွင့်လာတာပဲကို။ မနှောင့်ယှက်ချင်ပေမဲ့ အရမ်းအတည်ပြုချင်နေတာရှိလို့"

" ညဘက်ကြီး ငါ့ကိုစိတ်တိုအောင် တမင်လာလုပ်တာလား "

" မဟုတ်ရပါဘူးဗျာ၊ တကယ်အတည်ပြုချင်တာရှိလို့ ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလေ မနေ့ကစတာလား ဒီနေ့လားသိချင်လို့။ ကိုကိုကိုယ်တိုင်အတည်ပြုတာကြားချင်တာ"

" ကြိုက်တဲ့ရက်ယူလိုက်"
ပြောပြီး ခွန်​သာ​မှိုင်းကတံခါးဆွဲပိတ်တော့ ခွန်းသန့်နောင်ကအမြန်တားလိုက်သည်။

" နေပါအုံး"

" ဘယ်လိုဖြစ်နေတာလဲ နောက်တစ်ခါလက်ထပ်ကျိုးချင်နေတာလား"

ခွန်းသန့်နောင်က ရယ်ပြရင်း
" ဟိုလေ ကျွန်တော်အခုကစပြီးကိုကိုနဲ့အတူ အိပ်လို့မရဘူးလားဟင်"

ခွန်သာမှိုင်းကစက္ကန့်၀က်လောက်မျှပင်မဆိုင်းပဲဖြေဆိုလာသည်။
" မရဘူး "

ခွန်းသန့်နောင်က မကျေနပ်သလိုနှာရှုံ့ရင်း
" ဘာလို့လဲ ကျွန်တော်တို့ဟိုအရင်ကလည်း အတူတူအိပ်ဖူးတာပဲဟာ"

The Matching Guys (Top)Where stories live. Discover now