အပိုင်း ၄၈ ( အလိုလိုက်ခံရ)

21.1K 1.9K 83
                                    

Uni,

The Matching Guys (Part 48)

United Kingdom (UK) ၏အကြီးဆုံးမြို့ကြီးဖြစ်သလို
ခမ်းနားကြီးကျယ်၀င့်ထည်ကာစိတ်လှုပ်ရှားစရာတွေအပြည့်ရှိသည့် Landonမြို့ကြီးဆီသို့ ခွန်းသန့်နောင်တစ်ယောက် ခြေချလာခဲ့သည်။
ဥရောပနိုင်ငံတွေထဲမှာမှ UKသည်ကိန်းကြီးခမ်းကြီးနိုင်လွန်းသည်ဟုလည်းဆိုနိုင်သည်။ ယခုအချိန်ထိဘုရင် ဘုရင်မတွေလက်ထဲ၌လည်းအာဏာရှိနေသေးသည်။

၀င့်ကြွားလှပစွဲမက်စရာတွေရှိနေသည့်London မြို့ရဲ့အလှအပတွေထက် ခွန်းသန့်နောင်ကိုပိုရင်ခုန်စိတ်လှုပ်ရှားစေသူမှာတော့ စဝ်ခွန်သာမှိုင်းဆိုသည့်လူသားတစ်ယောက်သာရှိသည်။

လေဆိပ်မှတစ်ဆင့် မြို့ထဲသို့ကားဖြင့်လာခဲ့သည့်တစ်လျှောက်တွင်လည်း ဘေးဘီပတ်၀န်းကျင်တွေကိုကြည့်ရှုဖို့ထက် သူချစ်ရသူကိုကို ကိုမြင်တွေ့ရဖို့စိတ်သာအားသန်နေခဲ့သည်။

အမှန်တကယ်လည်း ခွန်သာမှိုင်းကိုတွေ့သည်နှင့်ဝမ်းသာအားရပင် ပြေးဖက်မိသည်။ သူ့အားတွန်းထုတ်ကန်ဆောင့်လာမည်ဟုထင်မိသော်လည်း
ဒီတစ်ခါတော့ သူ့ခန့်မှန်းချက်လွဲမှားကာ ခွန်သာမှိုင်းမှာသူ့အားတွန်းမထုတ်ခဲ့ချေ။

" ကိုကို့ ကျွန်တော်အရမ်းလွမ်းနေတာ"

ခွန်သာမှိုင်းကဘာမှပြန်မပြောသေးတာကြောင့်
" ကိုကို ကျွန်တော့်ကိုတွေ့ရတာ မအံ့သြသွားဘူးလား"
ခွန်​သာ​မှိုင်းနေသည့်hotelကို သူ့အမေတို့ကတစ်ဆင့်မေးခိုင်းထားတာဖြစ်သည်။

"  ငါ့ပြောစကားတဝေမတိမ်းလိုက်နားထောင်ရင် မင်းဘယ်ဟုတ်တော့မလဲ။
မလိုက်လာမှပိုထူးဆန်းနေအုံးမယ်။"
ပြောရင်း ခွန်းသန့်နောင်အား သူနေသည့်အခန်းဆီသို့ခေါ်လာလိုက်သည်။

အခန်းထဲရောက်သည်နှင့် ခွန်းသန့်နောင်က ခွန်သာမှိုင်းအားပြန်ဖက်ပြန်သည်။
"လွမ်းလွန်းလို့သေနိုင်တယ်ဆိုတဲ့ သီချင်းထဲကလို အရမ်းလွမ်းတာပဲ။ "

ဒီတစ်ခါတော့ ခွန်သာမှိုင်းက ခွန်းသန့်နောင်အား ဖြေးညင်းစွာဖယ်ခွာရင်း
မေးသည်။
" အိမ်ကနှစ်ကောင်ကိုဘယ်လိုထားခဲ့လဲ"

The Matching Guys (Top)Where stories live. Discover now