အပိုင်း ၅၅ ( တစ်ပွဲတစ်လမ်းဆင်နွှဲ)

17.7K 1.8K 166
                                    

Uni,

The Matching Guys (Part 55)

တော်တော်ကြာသည်အထိ စဝ်ခွန်သာမှိုင်းက ဖုန်းမဆက်လာသည်မို့ ခွန်းသန့်နောင်မှာ စိတ်မရှည်နိုင်တော့။

Luckyမှာလဲ သူ့သခင်၏စိတ်အခြေအနေမကောင်းမှန်းသိတာမို့ အသံပင်မထွက်ပဲ တိတ်ဆိတ်စွာနေနေသည်။

ခွန်းသန့်နောင်မှာ ဆိုဖာပေါ် လက်ပိုက်ကာထိုင်နေရင်း ရုတ်တရက်ကောက်ထကာ စဝ်ခွန်သာမှိုင်းအခန်းရှေ့သွားသည်။

တံခါးကိုခဏကြာကြာ တွေဝေစွာကြည့်နေပြီးမှ တံခါးဖွင့်ရန် ပစ္စည်းတစ်ခုခုကောက်ရှာပြီး ရိုက်ဖွင့်တော့သည်။

ဘာတွေများရှိနေလို့သူ့ကိုမဝင်ခိုင်းလဲ ခွန်းသန့်ေနာင် သိချင်လာသည်။
ထို့ကြောင့် အခုချိန်ထိသူတစ်ခါမှဝင်မကြည့်ဖူးသော ခွန်သာမှိုင်း၏အခန်းအား ခြေချလိုက်တော့သည်။

အခန်းကတိတ်ဆိတ်ငြိမ်သက်ပြီး ခြောက်ကပ်နေသည်။
ပစ္စည်းတွေကအကုန်နေရာတကျ အစီအစဥ်အတိုင်းပင်သပ်သပ်ရပ်ရပ်။
ဗီဒိုထဲရှိ အင်္ကျီတွေကအစ စီစီရီရီပင်။လက်ကိုင်ပဝါများ လက်အိတ်များလည်းရှိသေးသည်။
ခွန်သာမှိုင်းမှာ ဘယ်နေရာသွားသွား လက်ကိုင်ပဝါ၊ လက်အိတ်နှင့် ငွေရောင်ဘောပင်တစ်ချောင်း အမြဲပါသည်။
လက်အိတ်ကတော့အမြဲမစွပ်ထားပေမဲ့ သူ့အိတ်ထဲအမြဲထည့်ထားတက်သည်။

မှန်Box ကြီးတစ်ခုထဲတွင်လည်း ငွေရောင် မျက်မှန်ဒီဇိုင်းများစုံလင်စွာထည့်ထားသည်။

"ဒီလောက်အများကြီးရှိတာကို။ အဲ့ဒါကြောင့် ကိုကိုကမျက်မှန်မလိုဘူးပြောတာ။ "

ခွန်းသန့်နောင် တစ်ခုချင်းစီလိုက်ကြည့်ပြီးနောက် ခွန်သာမှိုင်း၏ စာကြည့်စားပွဲ အလုပ်စားပွဲကို ထပ်ကြည့်သည်။

စာအုပ်အချို့နှင့်နှိုးစက်နာရီအသေးလေးတစ်လုံး တင်ထားသည်။
ခွန်သာမှိုင်းသူ့အားမဝင်ခိုင်းသည်မှာ ပစ္စည်းတွေရှုပ်ပွမှာစိုး၍ဟုပင် တွေးလိုက်မိသေးသည်။

အံဆွဲတွေဖွင့်ကြည့်တော့ ခွန်သာမှိုင်း ကိုင်နေကြ ငွေရောင်ဘောပင်လေးတွေထည့်ထားသည့် ဘူးအများကြီးထပ်ရှိနေသည်။
ဘောပင်တွေအကုန်လုံးကလည်း သီးသန့်orderမှာထားသည့်Luxuryဒီဇိုင်းတွေပင်ဖြစ်သည်။

The Matching Guys (Top)Onde as histórias ganham vida. Descobre agora