အပိုင်း ၆၆ (မင်းတို့နှစ်ယောက်တွဲနေတာလား)

18.4K 1.8K 87
                                    

Uni,

The Matching Guys (Part 66)

2လကြာပြီးနောက်....

ဧကရာဇ်တစ်ယောက် Laptop screenပေါ်ရှိ ဟိုးလေးတကျော်ဖြစ်နေသောGreat World Company ၏ရှယ်ယာလွှဲပြောင်းမှုသတင်းကို
ကြည့်ရင်း ကြောက်စရာကောင်းစွာပြုံးနေသည်။

လက်ရှိအချိန်တွင် Top Empire ၏ရှယ်ယာစျေးနှုန်းမှာလည်း
အဆပေါင်းများစွာ ခုန်တက်နေပြီဖြစ်သည်။

ဧကရာဇ်ကြည့်နေရင်း စိတ်မရှည်စွာဖြင့် Laptop အားကောက်ယူကာ နံရံဆီပစ်ပေါက်၍ အံကြိတ်ကာပြောသည်။

" အဘိုးကြီးနဲ့ပေါင်းပြီး ရှယ်ယာတွေရအောင်ယူပစ်တယ်ပေါ့လေ။
ဒီခွေးကောင်လေးကို လျော့တွက်မိတာတကယ်မှားတာပဲ"

......

ခွန်းသန့်နောင်တစ်ယောက် မနက်နိုးလာသည်နဲ့ သူ့လက်ညိုးကလက်စွပ်လေးအား အရင်ကြည့်သည်။ ဒါကဒီ၂လအတွင်း သူပုံမှန်လုပ်နေကျအလုပ်ဖြစ်နေသည်။ လက်စွပ်​ စွပ်လေ့မရှိသော်လည်း ခွန်သာမှိုင်းပေးထားသည်မို့ သူအလွန်ကိုမှသဘောကျလေသည်။

ခွန်သာမှိုင်းကမနက်စောစောလေ့ကျင့်ခန်းထွက်လုပ်လေ့ရှိသဖြင့်ဘေးတွင်မရှိတော့ပေ။ အအိပ်မက်သည့် ခွန်းသန့်ေနာင်မှာ စနေ တနင်္ဂနွေကလွဲ၍
ကျန်သည့်နေ့များတွင် ခွန်သာမှိုင်းနဲ့အတူ အပြေးလေ့ကျင့်ခန်းထမလုပ်။

ခွန်းသန့်နောင်အိပ်ယာမှကုန်းထ၍ ရေမိုးချိုးပြီး မနက်စာပြင်ရန်လုပ်နေတုန်း ခွန်သာမှိုင်းကလက်ထဲတွင် ဖက်ထုပ်နှင့်ပေါက်စီဘူးလေးကိုင်ရင်း ပြန်ရောက်လာသည်။

" ကိုကို မုန့်တွေ၀ယ်လာတာလား။ကျွန်တော်ကအခုပဲ ပြင်တော့မလို့"

ခွန်သာမှိုင်းမုန့်တွေစားပွဲပေါ်တင်ပေးရင်း
" အင်း မလုပ်နဲ့တော့။ ဒီမှာစားနှင့် ရေချိုးလိုက်အုံးမယ်"

" ဟုတ်..."

ခွန်သာမှိုင်းသာမုန့်မ၀ယ်ခဲ့လျှင် ခွန်းသန့်နောင်လုပ်နေကြပေါင်မုန့်မီးကင်တူးတူးသာစားရမည်ဖြစ်သည်။

ခွန်သာမှိုင်းအခန်းထဲ၀င်သွားမှ ခွန်းသန့်နောင် ပေါက်စီနှင့်ဖက်ထုပ်များကိုကြည့်ပြီးပြုံးမိသည်။

The Matching Guys (Top)Where stories live. Discover now