အပိုင်း ၃၇( မချစ်ဘူး-ညီအစ်ကိုထက်ပိုသော)

22.2K 1.9K 139
                                    

Uni,

The Matching Guys (Part 37)

ခွန်သာမှိုင်းက အချိန်ဆွဲမနေပဲ မြန်မြန်ဆန်ဆန်ပင် ခွန်းသန့်နောင်၏ နီရဲယောင်ကိုင်းနေသည့် တွင်း၀လေးအား ဆေးလိမ်းပေးလိုက်လေသည်။

ခွန်းသန့်နောင်၏ တံတောင်ဆစ်မှာ စားပွဲခုံကိုထောက်ထားမိပြီး လက်ဝါးနှစ်ဖက်ကတော့ သူ့မျက်နှာသူအုပ်ထားမိသည်။

" ချီး ဘယ်လိုအခြေအနေကြီးလဲ ။ကလေးပေါက်စလေးလည်းမဟုတ်ပဲ ဖင်ချွတ်ပြီး ဆေးလိမ်းခံနေရတယ်။ အတင်းရုန်းရင်းလည်း ငါ့တင်ပါးမှာလက်ဝါးကြီးကရောက်လာအုံးမယ်။"
ဘယ်လိုပဲဖြစ်ဖြစ် ဒါကြီးကရှက်စရာကြီးမလား။ပုံမှန်ရိုးရိုးအခြေအနေမဟုတ်နေ ခွန်းသန့်နောင် သူ့ကိုယ်သူအငွေ့အဖြစ်ခဏမျှ ပျောက်သွားလိုက်ချင်သည်။

ခွန်သာမှိုင်းကဆေးလိမ်းပေးပြီးတော့ ဘောင်းဘီပြန်မ၀တ်ပေး ဒီတိုင်းထားခဲ့တာကြောင့် ခွန်းသန့်နောင်သူ့ဘာသာဘောင်းဘီကိုဆွဲတင်ကာအမြန်ပြန်၀တ်လိုက်သည်။

ပြီးနောက် လက်ဆေးနေသည့် ခွန်သာမှိုင်းအား အရှက်ပြေစကားလှမ်းပြောသည်။
" ကိုကိုကလည်း အစထဲကဆေးလိမ်းပေးမယ်ပြောရင်ရတာကို ရုတ်တရက်ကြီးဆိုတော့ လန့်သွားတာပဲဗျာ"

" မင်းကကြောက်လန့်တက်သေးတယ်ပေါ့"

" ထားပါ ဘာပဲဖြစ်ဖြစ် ကိုကိုကျွန်တော့်ကိုဂရုစိုက်ပေးတယ်ဆိုတော့ ကျွန်တော့်ရင်ထဲထိသွားပြီဗျာ"

ခွန်သာမှိုင်းက တစ်သျှူးဖြင့်လက်သုတ်ရင်း
" မလုပ်ပေးပဲထားလိုက်ရင် နောက်ကျမှ ဖင်နာတယ် ခေါင်းနာတယ်နဲ့ အခွင့်အရေးတွေယူနေမှာစိုးလို့။
ပြီးပြီ အခုထွက်သွားတော့"

" အကြင်နာတရားမရှိချက် "

" ထွက်သွား "

ခွန်းသန့်နောင်အပြင်ထွက်ရင်း မကြားတကြားလှမ်းပြောလိုက်သေးသည်။
" အခုသွားလည်း အိမ်ကျတွေ့ရမှာပဲကိုမောင်းထုတ်နေသေးတယ်"

" နေအုံး"
တံခါး၀ရောက်နေပြီဖြစ်သည့် ခွန်းသန့်နောင်အား နေအုံးပြောလာတာကြောင့် ပြန်လှည့်ကြည့်တော့
ခွန်သာမှိုင်းကလိမ်းဆေးကိုပစ်ပေးလာသည်။

The Matching Guys (Top)Where stories live. Discover now