အပိုင်း ၇၀ ( သဝန်တိုကာ အပြစ်ပေးသောသူ)

22.3K 1.9K 165
                                    

Uni,

The Matching Guys (Part 70)

ထက်ဝေဦး ဆေးရုံကဆင်းသည်နှင့် ထိန်ယံလင်းနဲ့ချိန်းထားသည့်Coffee ဆိုင်လေးသို့လာခဲ့ရသည်။သူ့အနေနဲ့ တွေ့ဖို့မဝံ့ရဲသော်လည်း ထိန်ယံလင်းကိုယ်တိုင်ကချိန်းဆိုလာသည်မို့ရှောင်လွှဲ၍မရပေ။

ထိန်ယံလင်းကသူ့မူပိုင်အပြံုးလေးဖြင့် ပြောလာသည်။
" ကိုယ်တို့နှစ်ယောက်က ရေစက်တော်တော်ပါပုံရတယ်။မြန်မာပြည်ပြန်လာလာချင်းကိုတွေ့လိုက်ရတာပဲ"

" ကိုလင်း... ကျွန်တော်"

" အခုချိန်ထိအဆင်မပြေသေးဘူးလား။ဘာလို့ ကိုယ့်ညီနဲ့ပါပတ်သက်နေရတာလဲ ။ ကိုယ့်ကိုမလိမ်နဲ့နော် မင်းတို့နှစ်ယောက် သူငယ်ချင်းမဖြစ်နိုင်ဘူး။
မင်းအကြောင်းကိုယ်သိပြီးသားဆိုပေမဲ့ အခုချိန်ထိစာရိတ္တပျက်ပြားနေအုံးမယ်မထင်ထားဘူး။ အရင်တုန်းကတော့ မိသားစုအတွက်ပါပိုက်ဆံတကယ်လိုအပ်နေလို့ ထားပါတော့။ အခုကဘာလဲ အလွယ်လမ်းလိုက်နေတာလား။
ကိုယ်ထင်နေတာ မင်းအခုအချိန်ဆိုရင်တော့ ကောင်းကောင်းမွန်မွန်ဘ၀ကိုဖြတ်သန်းနေမယ်ပေါ့။အခုက အရှက်မရှိကိုယ့်ညီနဲ့ပါဆက်ပတ်သတ်နေတာလား။ "

ထက်ဝေဦး ချွေးစေးများထွက်နေသည့် လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားရင်း
" ကျွန်တော်တောင်းပန်ပါတယ်။ဒါပေမဲ့ ခြံရံလင်းက ကိုလင်းညီဆိုတာ တကယ်မသိခဲ့ပါဘူး။ ကျွန်တော်လည်း ဘဝကိုကောင်းကောင်းဖြတ်သန်းနေတာပါ။ ဘယ်ကစပြီး ကမောက်ကမဖြစ်သွားမှန်တောင် မသိတော့ဘူး။ "

ထိန်ယံလင်းမျက်နှာက အပြုံးမှာ မှေးမှိန်သွားရင်း
" လိုအပ်တဲ့ ငွေamount ကိုပြောလိုက်။ ပြီးရင် ကိုယ်ညီနဲ့ဇာတ်လမ်းကိုရပ်ပါ။ သူက ဂုဏ်သရေရှိတဲ့ အမျိုးသမီးလေးနဲ့ပဲလက်ထပ်ရမှာ။ မင်းလိုလူနဲ့ပတ်သတ်နေလို့မရဘူး"

" ကိုလင်းမပြောရင်တောင် ကျွန်တော်ရပ်ဖို့စဥ်းစားပြီးပါပြီ။ ကျွန်တော့်လိုကောင်က ကိုလင်းတို့လိုအသိုင်းအဝိုင်းနဲ့ပတ်သတ်လို့မရဘူးဆိုတာလည်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော်ခြံရံလင်းကိုပိုက်ဆံလိုချင်လို့ကပ်ခဲ့တာမဟုတ်ဘူး။
ကိုလင်းဘက်ကလည်းဘာမှပေးစရာမလိုပါဘူး"

The Matching Guys (Top)Where stories live. Discover now