Intro

148K 3.2K 130
                                    

Uni,..

The Matching Guys(လိုက်ဖက်သော ကောင်လေးများ)

စ၀်ခွန်သာမှိုင်း(Top) [age-29]

"မင်းကြိုက်သလောက်ဆိုးစမ်း…အဲ့အကျင့်ဆိုးတွေအကုန်ပျောက်အောင် ငါဖျောက်ပေးမယ်။
နာကျင်မှုေတွ ခံစားချက်တွေဆိုတာမသိပေမဲ့ မင်းနဲ့ပတ်သတ်တာတော့အကုန်ခံစားလို့ရတယ်။
ငါဆီတည့်တည့်တိုး၀င်လာပြီးရင်တော့ မင်းပြန်ပြေးလို့ရမယ်မထင်နဲ့။"

စိုင်းခွန်းသန့်နောင်[age-24]

"ဘယ်ကောင်မှ$ဂရုမစိုက်သလို ဘယ်ကောင်ကိုမှမကြောက်ဘူး။
ဒါပေမဲ့ကိုကို့ ကိုတော့နည်းနည်းကြောက်တယ် အများကြီးးချစ်တယ်။
ကိုကိုကမကောင်းဆိုးဝါးဆိုရင်တောင် ကျေကျေနပ်နပ်ကြီးကိုကို့အနားမှာနေအုံးမှာပဲ။"

စဝ်ခွန်သာမှိုင်း၏မိခင်ဟာ သူ့ရှေ့မှာတင်ရက်ရက်စက်စက်အသတ်ခံရပြီး သေဆုံးသွားသည်။
ထို့ကြောင့် မိဘမဲ့ဂေဟာသို့ရောက်ရှိခဲ့ပြီ မကြာခင်မှာ စိုင်းခွန်းသန့်နောင်တို့
မိသားစုထိုဂေဟာသို့လာလည်ခဲ့သည်။
ကလေးမရှိသည့် စိုင်းခွန်းသန့်နောင်၏အဒေါ်ဖြစ်သူမှာ စဝ်ခွန်သာမှိုင်းကို မွေးစားရန်ခေါ်သွားခဲ့သည်။
သူတို့မသိရှိခဲ့သည်မှာ စဝ်ခွန်သာမှိုင်းဆိုသည့်ကလေးက နာကျင်မှု ခံစားချက်တွေကင်းမဲ့နေသည့်
Psychopath တစ်ယောက်ပင်။
သွေးအေးလှသည့် စ၀်ခွန်သာမှိုင်းနဲ့ သွေးဆူလွယ်ပြီး အနိုင်ကျင့်တက်သည့် စိုင်းခွန်းသန့်နောင်တို့
နီးစပ်သွားကာဘယ်လိုတွေဖြစ်လာကြမလဲ။
သူတို့နှစ်ယောက်ကြားမှာဖြစ်တည်လာမည့် ခံစားချက်တွေ၊ မြုပ်ကွက်တွေ၊ ယှဥ်ပြိုင်မှုတွေ၊ လှည့်စားမှုတွေ၊ ေသွးအေးရက်စက်မှုတွေ၊ ဆရာ၀န်လောကကအကြောင်းအရာအချို့တွေ နဲ့အချစ်ရောအနှစ်ရောရသမျိုးစုံကိုခံစားရမှာပါ။

ခွန်း review သိပ်မပေးတက်ပါဘူး။အဲ့တော့ပြောချင်တာအစုံမပါပါဘူး။ ဒီဇာတ်လမ်းကစိတ်၀င်စားစရာကောင်းတာတွေအများကြီးပါမယ်လို့ခွန်းထင်တယ်။
စောင့်ဖတ်ပေးကြတဲ့သူတွေအတွက် စိတ်၀င်စားစရာကောင်းတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်မယ်လို့မျှော်လင့်မိပါတယ်။
လူတိုင်းကအကြိုက်မတူတာမို့ ကျိန်းသေပေါက်ကြိုက်ကြမယ်လို့တော့အာမမခံရဲပါဘူး။

The Matching Guys (Top)Where stories live. Discover now