အပိုင်း ၄၆ (အင်း..သတိရတယ်)

19.4K 1.8K 83
                                    

Uni,

The Matching Guys (Part 46)

"ငါ့နာမည်က စိုင်းခွန်းသန့်နောင်ပါ မင်းနာမည်ကပိုင်ပိုင်နော်"

Leoကခေါင်းငြိမ့်ရင်း ပြန်ပြောသည်။
" အင်း ဒါပေမဲ့Leoပဲခေါ်ပါ ပိုင်ပိုင်ကအရမ်းရင်းနှီးတဲ့သူတွေပဲခေါ်ကြလို့ "

" ငါ့ကိုကိုကရော မင်းကိုဘယ်လိုခေါ်လဲ"ခွန်းသန့်နောင်ကခပ်တည်တည်ပင်ဆက်မေးသည်။

" ပိုင်ပိုင်ထက် Leoပဲအခေါ်များပါတယ်"

" အင်း သူ့ကိုလည်းLeoလို့ပဲခေါ်ခိုင်း ပိုင်ပိုင်မခေါ်ခိုင်းနဲ့"
ခွန်းသန့်နောင်စိတ်ထဲမကျေနပ်တာကြောင့် တည့်ပြောတာဖြစ်သည်။
သူ့ကိုတောင် နောင်ငယ်တို့ နောင်နောင်တို့တစ်ခါတလေမှခေါ်သည့် ခွန်သာမှိုင်းက Leoဆိုသည့်တစ်ယောက်ကို ပိုင်ပိုင်လို့ခေါ်စရာအကြောင်းလုံး၀မရှိ။

" အဲ့ဒါကငါပြောလို့ရတဲ့ကိစ္စမဟုတ်ဘူးလေ ။ သူ့ကိုငါ့အနေနဲ့ဆရာလုပ်လို့မရဘူး"

" ဘာလို့လဲ ငါသိသလောက် မင်းအစ်ကိုကTop Empire ရဲ့CEOမလား။
ငါ့အစ်ကိုကရှယ်ယာဝင်ပဲဟာ ဒီလောက်တော့ပြောလို့ရမှာပါ"

" မင်းမသိသေးဘူးထင်တယ်။ ငါ့အစ်ကိုနဲ့ Topက"
ပြောမိမလိုဖြစ်ပြီးမှ Leoပါးစပ်ခဏပြန်ပိတ်ရင်း
" ငါ့အစ်ကိုနဲ့ ငါ့ကို အစ်ကိုခွန်သာမှိုင်းကအများကြီးအကူအညီပေးထားတာ။
ဒါကြောင့် ငါတို့ကသူ့ကိုလေးစားရတယ်"

ခွန်သာမှိုင်းက Top Empire Company ရဲ့Chairman(ဥက္ကဌ) တစ်ယောက်ဖြစ်သည်ဆိုတာ ခွန်းသန့်နောင်မသိစေနဲ့ဟုမှာထားတာကြောင့်
Leoကပြန်ထိန်းကာ Topအစား ခွန်သာမှိုင်းဟုသာသုံးလိုက်တာဖြစ်သည်။

" ဘယ်အချိန်ထဲက သိနေကြတာလဲ။ သူကဘာတွေကူညီပေးတာလဲ"

" မင်းဘာသာ မေးတာပိုမကောင်းဘူးလား။ ငါကဘာလို့ပြောပြရမှာလဲ"
သူပြန်ပြောလိုက်သည့်စကားကြောင့် ခွန်းသန့်နောင်ဆီကအလိုမကျဖြစ်သွားသည့်အကြည့်စူးစူးတွေထွက်လာသည်။
မပြောလျှင်ထထိုးတော့မည့်ဟန်။

ထို့ကြောင့် Leo ချောင်းဟန့်ရင်း
" ငါနဲ့ငါ့အစ်ကိုကမိဘမဲ့ဂေဟာက ကြားမှာကိစ္စတွေအများကြီးရှိတယ်။ ငါတို့နှစ်ယောက် အရမ်းခက်ခဲနေတဲ့ အချိန် လမ်းပေါ်လေလွင့်နေတဲ့အချိန်တုန်းက မင်းအစ်ကိုက နေစရာ စားစရာနဲ့ တစ်ခြားကိစ္စတွေပါအကုန်ကူညီထားပေးတာ။နောက်တော့ လုပ်ငန်းလေးတွေစလုပ်တော့လည်း သူကအရင်းအနှီးတွေပေးတယ်လေ။အစ်ကိုခွန်သာမှိုင်းကြောင့် ငါတို့နှစ်ယောက်လုံးဒီအခြေအနေရောက်လာတာ "
Leoပြောပြသည့်အဖြစ်အပျက်တွေမှာ အနည်းအကျဥ်းသာဖြစ်သော်လည်း အကုန်အမှန်တွေဖြစ်သည်။ ထိန်ချန်ထားသည့်ကိစ္စများစွာလည်းရှိသေးသည်။

The Matching Guys (Top)Where stories live. Discover now