အပိုင်း ၁၅(အတိတ်က ငွေဆောင်ခရီး)

22.9K 1.6K 48
                                    

Uni...

The Matching Guys(Part 15)

" ထက်ဝေ မင်းမနေ့ကဆေးရုံဘာလို့မလာတာလဲ နေမကောင်းလို့လား"
ခွန်းသန့်နောင် ကောင်တာမှာ လူနာမှတ်တမ်းစစ်နေရင်း ထက်ဝေဦးကိုတွေ့လို့မေးလိုက်သည်။

" မဟုတ်ပါဘူး ။ ငါ့ညီကိစ္စလေးတစ်ခုကူပေးနေလို့ပါ"

" အင်း.."
ခွန်းသန့်နောင်တို့စကားပြောနေကြတုန်း ခွန်သာမှိုင်းက မက်ဆေ့ပို့လာတာကြောင့်ကြည့်လိုက်သည်။

" ဒေါ်လေးတို့ပစ္စည်းပို့လာတယ်ငါ့ဆီမှာ လာယူ"
ခွန်းသန့်နောင် ထိုမက်ဆေ့မြင်သည်နှင့် သူ့ကိုကိုဆီအပြေးသွားလိုက်သည်။

တံခါးပင်မခေါက် ချက်ချင်းဆွဲဖွင့်ကာ၀င်သွားပြီး အသည်းအသန်မေးသည်။
" ကိုကို့ ဘယ်မှာလဲ မေမေတို့ဘာပို့လိုက်တာလဲ "

ခွန်သာမှိုင်းစာရွက်စာတမ်းတစ်ချို့ကြည့်နေရင်းမှခေါင်းမော့လာပြီး သူ့ငွေရောင်မျက်မှန်လေးအားဆွဲချွတ်လိုက်သည်။
" ဒေါ်လေးတို့ဖုန်းဆက်ရင် ကိုင်လေ မကိုင်တော့ဘာမှမသိဘူးမလား။ "

" မေမေတို့ဆက်တဲ့အချိန် ကျွန်တော်မအားလို့ပါ"

" မအားရင်အားတဲ့အချိန်ပြန်ဆက်ပေါ့။ "

" ကျွန်တော်ညကျရင်ပြန်ဆက်လိုက်ပါ့မယ် "

" ဟိုမှာ အဲ့ဖာထဲမှာမုန့်နဲ့ မင်းအသုံးအဆောင်ပစ္စည်းတစ်ချို့တဲ့ ညနေပြန်ရင်အိမ်ယူသွားလိုက်"

" ဟုတ်..ကိုကိုဒီနေ့ရောနောက်ကျအုံးမှာလား"

" မသေချာဘူး ငါ့ကိုစောင့်မနေနဲ့ညစာစားနှင့်"

" ok"
ခွန်းသန့်ေနာင် okဟုပြောပြီးခွန်သာမှိုင်းနားကပ်သွားကာ စားပွဲပေါ်တင်ထားသည့် ခွန်သာမှိုင်း၏ ငွေရောင်မျက်မှန်လေးအား ကောက်ယူပြီး တပ်ကြည့်သည်။

" ခွန်းသန့်နောင် ဆော့စရာမဟုတ်ဘူး ပြန်ချစမ်း"

ခွန်သာမှိုင်း၏အေးတိအေးစက်သံကြောင့် ခွန်းသန့်နောင်မျက်မှန်ကိုပြန်ချွတ်လိုက်ပြီး
" ခဏလေးတပ်ကြည့်တာကိုဗျာ…ဒါနဲ့ကိုကိုကမျက်စိအဝေးလည်းမမှုန် အနီးလည်းမမှုန်ပဲဘာလို့မျက်မှန်တပ်ထားရတာလဲ။ အလှတပ်တာလား။ မျက်မှန်မပါလည်း အရမ်းအရမ်းကိုချောပြီးသားလေ"

The Matching Guys (Top)Where stories live. Discover now