အပိုင်း ၂၀ ( မပီပြင်သော လိမ်လည်မှု)

22.4K 1.6K 81
                                    

Uni..

The Matching Guys(Part 20)

နောက်တစ်နေ့မနက် ခွန်းသန့်နောင်နိုးလာချိန်တွင် ခွန်သာမှိုင်းအိမ်တွင်မရှိတော့ပေ။ဒီနေ့တစ်ညလံုးလည်းပြန်မလာမှာကျိန်းသေသည်ဟုပြောသွားတာကြောင့် ခွန်းသန့်နောင် ခြံရံလင်းအားဖုန်းဆက်လိုက်သည်။

" ပြော ခွန်းသန့်နောင် အခြေအနေဘယ်လိုလဲ"

" okမယ်ထင်တာပဲကွာ ငါညနေကျလာခဲ့မယ်"

ခြံရံလင်း ခပ်သဲ့သဲ့ရယ်ရင်းသတိပေးသည်။
" မင်းအစ်ကိုတကယ်အပြင်သွားတာလား ။ ကြိုသိလို့ထောင်ဖမ်းတာလည်းဖြစ်နေအုံးမယ်နော် "

" မဟုတ်လောက်ပါဘူး။ ကိုကိုဒီနေ့ကိစ္စရှိတယ်ဆိုတာ ဟိုရက်တွေထဲကပြောထားတာ။"

" ok okမင်းလာမှာသေချာပြီဆိုတော့ မင်းပြိုင်မောင်းဖို့ ငါကားတစ်စီးပြင်ထားပေးမယ်"

" လာမှာ သေချာတယ်။ ဒီနေ့လည်တော့ ဟိုနှစ်ကောင်ကိုကျွေးစရာရှိတာကျွေးပြီး လုပ်စရာရှိတာလုပ်ပေးလိုက်အုံးမယ်"

" အင်း ဒါပဲဟျောင့် "

ခွန်းသန့်နောင်နိုင်ငံခြားမှာ ရှိစဥ်တုန်းကတော့၀ယ်ထားသည့်ပြိုင်ကားတွေအများအပြားရှိပေမဲ့ မြန်မာနိုင်ငံပြန်ရောက်လာတော့ ပြိုင်ကားမဟုတ်ပဲရိုးရိုးကားတစ်စီးသာ၀ယ်ထားဖြစ်သည်။
ခြံရံလင်းက ခွန်းသန့်နောင်ထက် မြန်မာပြည်ပြန်ရောက်တဲ့နှစ်စောတာရောသူ့ကြိုက်သည့် ကားမြင်
တိုင်း၀ယ်နေတာရောကြောင့် ရိုးရိုးကားတွေအပြင် ပြိုင်ကားတော်တော်များများကိုလည်းစုမိထားလေသည်။

ခွန်းသန့်နောင် ဒီနေ့တော့တော်တော်တက်ကြွနေမိသည်။ လအတော်အကြာဝေးကွာနေသည့် ပြိုင်ကားလေးတွေကိုပြန်ထိပြီး ပြိုင်မောင်းရတော့မှာဖြစ်တာကြောင့် ပျော်နေမိတာအမှန်။
ဆိုင်ကယ်တွေထက် ကားတွေကိုသာပိုနှစ်သက်သည်။
ထို့ကြောင့် အိပ်ယာပေါ်ကတက်ကြွစွာထရင်း သီချင်းလေးတညည်းညည်းဖြင့် ရေချိုးခန်းအတွင်းသို့၀င်သွားတော့လေသည်။

ခွန်သာမှိုင်း မှာထားသည့်အတိုင်း မြွေကိုအစာကျွေးရန်ပြင်ရသည်။
သတ်မှတ်ထားသည့် အသားပမာဏကို ဗန်းပေါ်တင်ပြီး လက်အိတ်စွပ်ကာ အစာကျွေးရန်အတွက် ညှပ်တစ်ခုယူလိုက်သည်။

The Matching Guys (Top)Where stories live. Discover now