အပိုင်း ၁၉ ( အကြားအမြင်ရနေတာလား )

22.8K 1.6K 85
                                    

Uni,

The Matching Guys ( Part 19)

" ငါဖုန်းဆက်ခဲ့မယ်လို့ပြောထားတယ်မလား ဘာလောနေတာလဲ"
ထက်ဝေဦး အံကြိတ်ရင်း ခပ်တိုးတိုးပြန်ဖြေသည်။

" ဆက်မယ်ဆိုတာကဘယ်တော့လဲ အခု၂ရက်ရှိနေပြီ ဒေါက်တာက ကျွန်တော်ဖုန်းဆက်တာလဲကိုင်မှမကိုင်တာ"

" ငါမင်းလိုမျိုးအားနေတာမဟုတ်ဘူးအလုပ်တွေရှိတယ်"

" ကျွန်တော်လည်းကျွန်တော့်အလုပ်ကျွန်တော်ရှိပါတယ်။ စဥ်းစားတာစဥ်းစားလို့ရပေမဲ့ အချိန်ဆွဲနေလို့လည်း ဘာမှမထူးဘူးလေ"

" အင်း သိပြီ မနက်ဖြန်မဟုတ်ရင် သဘက်ခါဆက်ခဲ့မယ် ရပြီလား။ ခွန်းသန့်နောင်ရှေ့ ဒီအကြောင်းထပ်မပြောနဲ့တော့"
ထက်ဝေဦး ခြံရံလင်းလေကြောထပ်ရှည်နေမှာစိုး၍ အောင့်သက်သက်ဖြင့် ကတိပေးလိုက်ရသည်။

ထိုအခါမှ ခြံရံလင်းနှုတ်ခမ်းထက်အပြုံးလေးပွင့်လန်းလာပြီး ထက်ဝေဦးပန်းကန်ထဲ ဝက်ချိုချဥ်ကြော်ကိုခပ်ထည့်ပေးလိုက်သည်။

" ကျွန်တော်စောင့်နေပါ့မယ်"

ထက်ဝေဦး ခြံရံလင်းအားမျက်လုံးလှန်ကြည့်ကာ
" အပိုတွေလုပ်မနေနဲ့ ကိုယ့်ဘာသာစား"

" ဒေါက်တာက နည်းနည်းပိန်နေလို့စေတနာနဲ့ထည့်ပေးတာပါဗျာ"

ထက်ဝေဦး ပြန်ပြောဖို့ပြင်ပေမဲ့ ခွန်းသန့်နောင်ပြန်ရောက်လာတာကြောင့်
တိတ်တိတ်လေးသာနေလိုက်ရတော့သည်။

" နောက်လထဲ မင်းညီညီ ရန်ကုန်လာမယ်ပြောတယ် "

" တကယ်လား ဒီကောင်မိန်းမရပြီးထဲက မန္တလေးမှာေခြငြိမ်နေတာ လာတော့ကောင်းတာပေါ့ ငါတို့ပြန်ဆုံလို့ရတယ်။ မဟုတ်တောင် ငါညက ငါတို့တွေငွေဆောင်သွားတုန်းကရိုက်ထားတဲ့ပုံတွေပြန်ကြည့်ပြီးသတိရနေတာ"

ခြံရံလင်းကလည်းပြန်သတိရပြီး အနည်းငယ်ပြုံးသည်။
" ငါတို့အဖွဲ့အဲ့တုန်းက ဗရုတ်ကွာ ပြဿနာတွေကြီးတက်တာ။ မင်းကလည်းရေနစ် ဟိုနှစ်ကောင်ကလည်း မြွေကိုက်ခံရနဲ့"

" အေးလေ မင်းတစ်ယောက်ထဲဘာမှမဖြစ်တာ"

" ဘာမင်းတစ်ယောက်ထဲလဲ မင်းအစ်ကိုလည်းဘာမှမဖြစ်ဘူးလေ"
ခြံရံလင်းက၀င်ထောက်သည်။

The Matching Guys (Top)Where stories live. Discover now