အပိုင်း ၄၀ (လူဆိုးများ)

20.6K 2K 79
                                    

Uni,

The Matching Guys( Part 40 )

နောက်တစ်နေ့ ခွန်းသန့်နောင်ဆေးရုံမှအိမ်ပြန်ခါနီး ခြံရံလင်းနဲ့မင်းညီညီကဖုန်းခေါ်လာသည်။

" helloပြော ခြံရံလင်း "

" မင်းအလုပ်ပြီးတော့မယ်မလား"

" အင်း ခဏနေအိမ်ပြန်တော့မလို့။ "

" မပြန်နဲ့ ဒီနေ့မင်းညီညီတရားရုံးမှာ သူ့မိန်းမနဲ့တရား၀င်ကွာရှင်းလိုက်ပြီကွ။
ဒီညတော့မင်းငါတို့နဲ့အဖော်ပြုပေးသင့်တယ်နော်"

" ဟမြန်လှချည်လား ။ ငါကနောက်အပတ်လောက်မှပြီးမယ်ထင်တာ"

" အေး မြန်မြန်ပဲ ကောင်းတဲ့ကိစ္စမှမဟုတ်တာ မြန်မြန်ပြီး ပြီးရောပေါ့"

မင်းညီညီကလည်း၀င်ပြောလာသည်။
" ဟေ့ယျောင် မင်းလာနော်။ မလာလို့ကတော့ အခန်းတွေအကုန်ပြတ်သွားမယ်။
မင်းအစ်ကိုနားပဲ တောက်တဲ့လိုကပ်မနေနဲ့"

ခွန်းသန့်နောင် ခဏစဥ်းစားလိုက်ပြီး
" အေးကွာ အလုပ်ပြီးရင် လာခဲ့မယ်။ "

" ပြီးရော"

ခွန်းသန့်နောင် ဒီနေ့ ခွန်သာမှိုင်းနဲ့အတူပျော်စရာလေးတွေဖန်တီးဖို့တွေးထားသော်လည်း
မင်းညီညီတို့ကိုလျစ်လျုရှုလိုက်၍မရပေ။ ထို့ကြောင့် နှမြောတတဖြင့် ခွန်သာမှိုင်းထားခဲ့ပြီး
သူ့သူငယ်ချင်းတွေနဲ့သွားကဲရတော့မည်။

" ကိုကို့ ညနေကျွန်တော် ခြံရံလင်းတို့နဲ့တွေ့စရာရှိတယ်။ အိမ်တန်းမပြန်ဖြစ်လောက်ဘူး ဒါပေမဲ့ စိတ်ချ ၁၀နာရီမထိုးခင်ပြန်ရောက်စေရမယ်"
ခွန်းသန့်နောင် ခွန်သာမှိုင်းအားသွားပြောရသေးသည်။

ခွန်သာမှိုင်းက သူ့မျက်မှန်ကိုပင့်တင့်ပြီး ခွန်းသန့်နောင်ကိုကြည့်လာကာ

" အသိပေးတာလား။ ခွင့်တောင်းတာလား"

ခွန်သာမှိုင်းစကားကြောင့် ခွန်းသန့်နောင်အကြပ်ရိုက်သွားရသည်။
" ဗျာ…ဟို ဟိုလေ သွား သွားမှရမယ်ထင်တယ်။ ဒီနေ့မင်းညီညီသူ့မိန်းမနဲ့ကွာရှင်းလိုက်ပြီ။
သူငယ်ချင်းတစ်ယောက်အနေနဲ့ သွားသင့်တယ်ထင်တယ်"

The Matching Guys (Top)Where stories live. Discover now