အပိုင်း ၆၅ ( Great World Company ဥက္ကဌဟောင်း၏မြေး)

17.7K 1.9K 78
                                    

Uni,

The Matching Guys (Part 65)

Great World ၏ဥက္ကဌဟောင်းတစ်ဖြစ်လည်း
ခွန်သာမှိုင်း ၏အဖိုးဖြစ်သူမှာ ခွန်သာမှိုင်းတို့အား Hotelခန်းအကျယ်ကြီး၌ထိုင်စောင့်နေသည်။

အသက်၆၀ကျော် ၇၀နားကပ်နေပြီးဖြစ်သော်လည်း ဥပဓိရုပ်ကခံ့ညားကာ
ကိုယ်ခန္ဓာတောင့်တင်းနေဆဲ။လူအိုတစ်ယောက်နှင့်မတူလှ။

သိပ်မကြာခင်မှာပဲ ခွန်သာမှိုင်းတို့ရောက်ရှိလာပြီးခွန်သာမှိုင်းနှင့် မြတ်မင်းတို့နှစ်ယောက်ကိုသာ အထဲသို့ဝင်ခွင့်ပေးသည်။

ထိုဥက္ကဌကြီးက ခွန်သာမှိုင်းအားကြည့်ရင်း DNA စစ်ချက်ကိုကိုင်ထားကာ
မျက်မှောင်ကြုတ်ရင်း မြန်မာလိုပင်ပြောလာသည်။
" ဒီDNA စစ်ချက်ကအမှန်ပဲလား"

" မယုံရင် နောက်ထပ်အချိန်မရွေးထပ်စစ်လို့ရတယ်"

သူ့အနေနဲ့ထပ်စစ်ဆေးစရာတော့လိုမည်မထင် စဝ်ခွန်သာမှိုင်းမှာ သူနဲ့ရော
ဧကရာဇ်နဲ့ပါ ဆင်တူသည့်မျက်နှာပေါက်မျိုးရှိနေသည်။
သို့ပေမဲ့ ဒီလူငယ်လေးကတော့ ပို၍အရှိန်အဝါပြည့်စုံပြီး ခံ့ညားနေသယောင်။

Top Empire ၏ ဥက္ကဌ ကသူ့အားတွေ့ချင်သည်ဟုဆိုကာ DNA စစ်ဆေးထားသည့် စစ်ဆေးချက်စာရွက်ကိုပါပေးပို့လာသည်။
ထိုစစ်ဆေးချက်တွင်Aliceနဲ့ Top Empire ဥက္ကဌဆိုသူစဝ်ခွန်သာမှိုင်းတို့နှစ်ယောက် မောင်နှမတော်စပ်နေသည်။

ဟိုအရင်ကလည်း ဧကရာဇ်ကသူ့သားအားပြန်ခေါ်မည်ဆိုပြီး မြန်မာပြည်တစ်​ခေါက်ပြန်သွားဖူးသည်။ အဆုံးတွင်တော့ မည်သူမှပါမလာခဲ့ချေ။

" မင်းက ဧကရာဇ်ရဲ့သား ငါ့မြေးလား။ ဘာလို့အခုမှရုတ်တရက်ကြီးလာပြောရတာလဲ"

" ကျွန်တော်လည်း ခင်ဗျားတို့တစ်​ယောက်နဲ့မှ အမျိုးမတော်ချင်ပါဘူး။
ဒါပေမဲ့ ခင်ဗျားသားက ကျွန်တော့်ကိုလာရှုပ်နေတယ် "

ခွန်သာမှိုင်း၏လေသံတွင် အပိုအလိုမရှိပေမဲ့ ကြားရသူအဖို့ သိပ်တော့နား၀င်မချိုလှ။
ဥက္ကဌကြီးက သူ့မြေးခွန်သာမှိုင်းအား သေချာကြည့်နေမိသည်။
ခွန်သာမှိုင်းမှာ ရုတ်တရက်ဆိုလျှင် ဧကရာဇ်နှင့်တူသယောင်ရှိသော်လည်း
စကားပြောသောအခါတွင်တော့ လုံး၀ကွဲပြားသွားသည်။

The Matching Guys (Top)حيث تعيش القصص. اكتشف الآن